အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၃ အောက်တိုဘာ ၂၀၂၂

၁၄:၃၂:၃၄
1313255

မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့အခါသမ တွင် အကျဉ်းသားများ ကို ပြစ်ဒဏ်များ မှ လွတ်ငြိမ်းခွင့် အမိန့်ပေး

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်၏ အနွယ်တော်မွန် တစ်ဦး ဖြစ်သည့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့အခါသမ တွင် ပြစ်ဒဏ် ကျ အကျဉ်းသားပေါင်း ၁၈၀၀ ကျော် အား ို ပြစ်ဒဏ်များ မှ လွတ်ငြိမ်းခွင့် နှင့် လျော့ ခွင့် များ ပေးရန် အမိန့်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

khamenei.ir ၏သတင်း အချက်အလက်များ အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်၏ အနွယ်တော်မွန် တစ်ဦး ဖြစ်သည့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့အခါသမ တွင် ပြစ်ဒဏ် ကျ အကျဉ်းသားပေါင်း ၁၈၀၀ ကျော် အား ပြစ်ဒဏ်များ မှ လွတ်ငြိမ်းခွင့်  နှင့် လျော့ ခွင့် များ ပေးရန် အမိန့်ပေးခဲ့ပါတယ်။
အဆိုပါ ပြစ်ဒဏ်ခံထားရသူများသည်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အထွေထွေ တရားရုံးများ ၊ အစ္စလာမ်မစ် တော်လှန်ရေး တရားရုံးများ နှင့် တပ်မတော် တရား စီရင်ရေးဌာန များ မှ အရေးယူ အပြစ်ပေးခြင်းခံထားရသူများ ဖြစ်ပါတယ်။

 အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တရားသူကြီးချုပ် H.I မော်ဟ်စင်နီ အဂျဟ်အီ မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ထံ  မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်၏ အနွယ်တော်မွန် တစ်ဦး ဖြစ်သည့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့အခါသမ တွင် အပြစ်ဒဏ် ကျပြီးသူ ၁၈၆၂ ဦး အား ပြစ်ဒဏ်များ ခွင့်လွတ်ပေး ရန် သို့မဟုတ်လျော့ပေါ့ ပေးရန် သို့မဟုတ် ပြစ်ဒဏ်ကို ပြောင်းပေးရန် စာတစ်စောင်ရေးသား လျှောက်ထားရာ ရဲဟ်ဗဲရ်မှ သဘောတူ အမိန့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပြစ်ဒဏ်ကျခံထားရသူများ ၏ ဖိုင့်များကို အထူးခွင့်လွတ်မှု ကော်မရှင် မှ ပြန်လည် စိစစ်သုံးသ်ပြီး အပြစ် မှ လွတ်ငြိမ်း ချမ်းသာခွင့်  သို့မဟုတ် ပြစ်ဒစ်ပြောင်းလဲနိုင်ကြောင်း ၊ပြစ်ဒဏ် လျော့သင့်ကြောင်း သတ်မှတ်မည် ဖြစ်ပါတယ်။

****************************************************************
END / 251