အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၄ အောက်တိုဘာ ၂၀၂၂

၁၉:၀၆:၄၃
1313703

ရွှေကူတွင် စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ နတ်လင်းကျေးရွာ၊ နောင်လတ်ကြီးကျေးရွာနဲ့  ဝင်ဝကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတယောက်က “စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး ကျနော်တို့ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်။ စစ်ရှောင်ရတာက ဒေသခံ ၅၀၀ ကျော်လောက်ရှိတယ်။ ခုလောလောဆယ်တော့ ရွှေကူနဲ့ မိုးကင့်ဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုနေထိုင်ကြတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ရတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ရွှေကူမြို့က ဘုန်းတော်ကြီးကျောင်း အတွင်း လူဦးရေ ၂၀၀ နီးပါးနဲ့ မိုးကင့်ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၃၀၀ ကျော် တည်းခိုနေထိုင်ကြပြီး တချို့စစ်ရှောင်ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုး အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ တည်းခိုနေထိုင်ကြပါတယ်။

ရွှေကူမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နောင်လတ်ကြီးကျေးရွာနဲ့ နတ်လင်းကျေးရွာကြားမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။


****************************************************************
END / 251