အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၆ အောက်တိုဘာ ၂၀၂၂

၁၄:၃၆:၅၂
1314201

မိုဟမ္မဒ် (ဆွ) နှင့် အာလေ မိုဟမ္မဒ် (အ.စ) ၏ ဟဒီးစ်တော် ၁၄ပါး အား ခေါင်းစဉ် ၁၄ ခု ဖြစ် အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက်တင်ပြအပ်ပါတယ်။

ဟဒီးစ်တော်(၁)

ခိုင်မာသည့် မိတ်ဆွေတည်ဆောက်နည်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်  (အ.စ) မှ ရီဝါယသ် တော် တစ်ခု ခိုင်မာသည့် မိတ်ဆွေ တည်ဆောက်နည်း  ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် အူဆူလေကာဖီး ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیہ السلام:
اِذا اَحْبَبْتَ رَجُلاً فَاَخْبِرْهُ بِذلِكَ فَاِنَّـهُ اَثْبَتُ لِلْمَـوَدَّةِ بَيْنَكُما.


အေမာမ် ဂျအ်ဖရ် ဆွာဒစ်  (အ.စ)  မိန့်တော် မူ၏။

အကယ်၍အသင်အနေဖြင့် တစ်ဦး တစ်ယောက်အား ချစ်ခင်သည်ဆိုလျင် ၎င်းအား မိမိချစ်ခင် ကြောင်းပြောပြပါလေ။ အကြောင်းမှာ ဤသို့ ပြုခြင်းသည်အသင်တို့နှစ်ဦးအကြား (မိတ်ဆွေဖြစ်မှု) ချစ်ခင်မှုကို ပိုမို ခိုင်မာစေသည့် အတွက်ကြောင့် ဖြစ်ပါသည်။


ကျမ်းကိုး ။  ။ အူဆူလေကာဖီး ကျမ်း၊ အတွဲ၂ ၊ စာမျက်နှာ ၆၄၄


****************************************************************
END / 251

ဟဒီးစ်တော်(၂)
အကောင်း တကာ အကောင်းဆုံး သူများ
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အကောင်း တကာ အကောင်းဆုံး သူများ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ကန်ဇိုလ်အန်မ်မါလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
خيارُ اُمَّتي مَن دَعا إلى اللّه ِتَعالى، وَ حَبَّبَ عِبادَه إلَيهِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
ကျွန်ုပ် နောက်လိုက်နောက်သား(အွန်မသ်) မှ အကောင်း တကာ အကောင်းဆုံး သူများ မှာ လူ ထု အား အလ္လာဟ့် ဘက်သို့ ဖိတ်ခေါ်သူ များ နှင့် လူထု ၏ နှလုံးသား တွင် အလ္လာဟ့်အချစ် ပေါ်ပေါက်အောင် ပြုလုပ်ပေးသူများ ကို ခေါ်ဆိုပါသည်။
ကျမ်းကိုး ။ ။ ကန်ဇိုလ်အန်မ်မါလ် ကျမ်း ၊ ၂၈၇၇၉
****************************************************************
END / 251

ဟဒီးစ်တော်(၃)

အလ္လာဟ့် နှစ်မြို့သည် အလုပ်ကို ပြု လုပ်ခြင်း ၏ ရလာဒ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်  (အ.စ) မှ ရီဝါယသ် တော် တစ်ခု အလ္လာဟ့် နှစ်မြို့သည် အလုပ်ကို ပြု လုပ်ခြင်း ၏ ရလာဒ် ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် အူဆူလေကာဖီး ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیہ السلام:
أَيُّمَا عَبْدٍ أَقْبَلَ قِبَلَ مَا يُحِبُّ اللَّهُ عَزَّ وَ جَلَّ أَقْبَلَ اللَّهُ قِبَلَ مَا يُحِبُّ.


အေမာမ် ဂျအ်ဖရ် ဆွာဒစ်  (အ.စ)  မိန့်တော် မူ၏။

အကြင်မည်သည့် အဖန်ဆင်းခံ မဆို အလ္လာဟ် ဟို အရှင်မြတ်မြတ် နှစ်သက်နှစ်မြို့သည်ကိုသာပြု လုပ် မည်ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သည် လည်း၎င်းလုပ်သည့်အလုပ်အား နှစ်သက်ပေး တော်မူမည်။


ကျမ်းကိုး ။  ။ အူဆူလေကာဖီး ကျမ်း၊ အတွဲ၂ ၊ စာမျက်နှာ ၆၅


****************************************************************
END / 251

ဟဒီးစ်တော်(၄)

အေမာမ်ဟစန် မိုဂျ်သဗါ (အ.စ) ၏ ဆိုဆုံးမ စကား

အေမာမ် ဟစန်မိုဂျ်သဗါ   (အ.စ) မှ ရီဝါယသ် တော် တစ်ခုတွင် ဆိုဆုံးမ စကား ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် သိုဟ်ဖိုလ်အိုကူးလ် ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။


قال الامام المجتبیٰ علیه السلام:

فَاتَّقُوا اللَّهَ عِبَادَ اللَّهِ وَ اعْلَمُوا أَنَّهُ مَنْ يَتَّقِ اللَّهَ يَجْعَلْ لَهُ مَخْرَجاً مِنَ الْفِتَنِ وَ يُسَدِّدْهُ فِي أَمْرِهِ وَ يُهَيِّئْ لَهُ رُشْدَهُ.

အေမာမ် ဟစန်မိုဂျ်သဗါ   (အ.စ) မိန့်တော် မူ၏။

အိုအလ္လာဟ်ဟို အရှင်မြတ် ၏ အဖန်ဆင်းခံ  ကျေးကျွန်များ ၊ သက္က်ဝါး တရား ရှိကြပါလေ။ သိထားလိုက်ပါ။ အကြင်မည်သူမဆို သက္က်ဝါး တရားရှိမည် ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ၎င်းအား ပြဿနာများ ၊ စမ်းသပ်မှုများမှ လွတ်မြောက် မှု ကို ပေးသနားတော်မူမည်။ ၎င်းအား မိမိ၏ အလုပ်များ တွင် အောင်မြင်မှု ပေးသနားတော်မူမည်။ ၎င်းအား လမ်းပြရန် အောကာင်းခံများကို စီစဉ်တော်မူပေးမည်။


ကျမ်းကိုး ။  ။ သိုဟ်ဖိုလ်အိုကူးလ် ကျမ်း၊ စာမျက်နှာ ၂၃၂


****************************************************************
END / 251

ဟဒီးစ်တော်(၅)

ပညာကပိုကောင်းသလား ? သို့မဟုတ် ပစ္စည်း ဥစ္စာ ?


အေမာမ် အလီ  (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် ပညာကပိုကောင်းသလား ? သို့မဟုတ် ပစ္စည်း ဥစ္စာ ? ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် ဂိုရရိုလ်ဟေကမ် ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။



قال الامام العلی علیه السلام:
اِكتَسِبوا العِلمَ يُكسِبْكُمُ الحَياةَ.


အေမာမ် အလီ (علیه السلام) မိန့်တော် မူ၏။

ပညာကို သင်ယူပါလေ။ဤသို့ဖြင့်  အသင် အား ဘဝ ချီးမြှင့် ရန်ဖြစ်ပေသည်။

မှတ်ချက်။ ။ အေမာမ် အလီ (အ.စ) ၏ ဟဒီးစ်တော် အရ ဘဝ ချီးမြှင့် အရာသည် ပညာ ဖြစ်ပါသည်။ဥစ္စာပစ္စည်း မဟုတ်ချေ။ ဤအတွက်ကြောင့် ပညာ ပိုကောင်းပါသည်။ အေမာမ်အလီ (အ.စ) ၏ အခြား ဟဒီးစ်တော် တစ်ပါး အရ ဥစ္စာပစ္စည်း ကို လူမှ ထိန်းသိမ်းရပြီး ၊ ပညာက လူကို ထိန်းသိမ်းလေကြောင့် လာရှိသဖြင့် ပညာ မှ ပိုကောင်းပါသည်။


ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း၊ ဟဒီးစ်တော်အမှတ်၂၄၈၆


****************************************************************
END / 251


ဟဒီးစ်တော်(၆)

မူးယစ်ဆေးဝါးသုံးစွဲခြင်း
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ကန်ဇိုလ်အန်မ်မါလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
ألا إنَّ كُلَّ مُسكِرٍ حَرامٌ، و كُلَّ مُخَدِّرٍ حَرامٌ، و ما أسكَرَ كثيرهُ حَرامٌ قَليلُهُ، و ما خَمَّرَ العَقلَ فَهُوَ حَرامٌ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
သိထားပါလေ။ မူးယစ်စေသည့် အရာတိုင်း  နှင့် မူးယစ်စေသည့် အမျိုးအစားတိုင်းကို အသုံးပြုခြင်းသည်ဟရာမ် ဖြစ်ပါသည်။ များများ ဖြစ်စေ၊ နည်းနည်းဖြစ်စေ မူးယစ်စေသည့် အရာအားလုံး  နှင့် အသိဉာဏ် ကို ထိခိုက် ပျက်သုဉ်းစေသည့် အရာများအားလုံးကို သုံးစွဲ ခြင်းသည်လည်း ဟရာမ် ဖြစ်ပါသည်။   
ကျမ်းကိုး ။ ။ ကန်ဇိုလ်အန်မ်မါလ် ကျမ်း ၊ ၁၃၂၇၃
****************************************************************
END / 251


ဟဒီးစ်တော်(၇)

မောင်လာအလီ (အ.စ) ၏ အရေးကြီး ဆုံးမ စကားတစ်ခွန်း


အေမာမ် အလီ  (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် အရေးကြီး ဆုံးမ စကားတစ်ခွန်း ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် အူဆူလေကာဖီးကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။



قال الامام العلی علیه السلام:
ما أنزَلَ المَوتَ حَقَّ مَنزِلَتِهِ مَن عَدَّ غَداً مِن أجَلِهِ.


အေမာမ် အလီ (علیه السلام) မိန့်တော် မူ၏။

အကြင်မည်သူ မဆို မနက်ဖန် အား မိမိ ဘဝ (သက်တမ်း) ၏ အစိတ်အပိုင်း အဖြစ် သတ်မှတ် မည်ဆိုလျင် ထိုသူသည် သေခြင်း တရား ၏ အစစ်အမှန်ကို မသိသေးသူဖြစ်ပေသည်။

ကျမ်းကိုး ။ ။ အူဆူလေကာဖီးကျမ်း၊ အတွဲ ၃ ၊ စာမျက်နှာ ၂၅၉ ၊ ဟဒီးစ် ၃၀


****************************************************************
END / 251



ဟဒီးစ်တော်(၈)

တရားသူကြီးများ မိန့်မှာချက်


အေမာမ် အလီ  (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် တရားသူကြီးများ မိန့်မှာချက် ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် ကာဖီးကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။



قال الامام العلی علیه السلام:
مَنِ ابتَلى بِالقَضاءِ فَليُواسِ بَينَهُم فِي الإشارَةِ و فِي النَّظَرِ و فِي المَجلِسِ.


အေမာမ် အလီ (علیه السلام) မိန့်တော် မူ၏။

အကြင်မည်သူမဆို တရားဆုံးဖြတ်သည့် ခုံပေါ်တွင် ထိုင်မည်ဆိုလျင် ၎င်းအနေဖြင့် ညွှန်ပြခြင်း ၊ ထိုင်ခြင်း ၊ကြည့်ခြင်းတို့တွင် လူထု အကြား ကျောသားရင်သားခွဲခြားမှု မရှိရင် သတိပြုရမည် ဖြစ်ပါသည်။

မှတ်ချက် ။ ။ မောင်လာအလီ (အ.စ) နောက်လိုက်ဖြစ်ပြီး ၊ တရား အမှုများတွင် မိမိ အနိုင်ရရှိရန် အတွက် တရားသူကြီးအား လာဒ်ထိုးသူများ  အထူး သတိပြုရမည် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ ကာဖီးကျမ်း၊ အတွဲ ၇ ၊ စာမျက်နှာ ၄၁၃


****************************************************************
END / 251


ဟဒီးစ်တော်(၉)

သက္က်ဝါး (သီလ၊သမာဓိ ) အရှိဆုံး သူ
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် သက္က်ဝါး (သီလ၊သမာဓိ ) အရှိဆုံး သူ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ကာဖီး ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
اِعمَلْ بفَرائضِ اللّه‏ِ تَكُن أتقَى الناس.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အလ္လာဟ် ဟို အရှင်မြတ်ဘက်မှ သတ်မှတ်ထားသည့် မပြုမနေရအလုပ်များ ကို ပြုလုပ်ပါ။ ဤသို့ဖြင့်လူထု အတွင် သက္က်ဝါး (သီလ ၊သမာဓိ ) အရှိဆုံးသူ ဖြစ်ရန် အတွက် ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ ကာဖီး ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၈၂ ၊ ဟဒီးစ်တော် ၃
****************************************************************
END / 251



ဟဒီးစ်တော်(၁၀)


မိုအ်မင်၏ ဂုဏ်သိက္ခာ


အေမာမ်ဂျဝါဒ်  (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် မိုအ်မင်၏ ဂုဏ်သိက္ခာ ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါရ် ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။



قال الامام الجواد علیه السلام:
مَنِ ابتَلى بِالقَضاءِ فَليُواسِ بَينَهُم فِي الإشارَةِ و فِي النَّظَرِ و فِي المَجلِسِ.


အေမာမ် ဂျဝါဒ်  (علیه السلام) မိန့်တော် မူ၏။

မိုအ်မင် ၏ ဂုစ် သိက္ခာ မှ လူထု ထံ မှ မတောင်းတခြင်း တွင် ရှိပေသည်။ ( ဆိုလိုသည်မှာ လူတွေဆီမှ မတောင်းခံ ဘဲ အလ္လာဟ် ထံ မှသာလျင် တောင်းခံခြင်းတွင် မိုအ်မင်အတွက် ဂုဏ်သိက္ခာ ကို ဖြစ်စေပါသည်။ )

မှတ်ချက်။ ။ လူအများစု သည် မိမိ ကြည်ဖြူချိန် ပေးကမ်း ၊လှူဒါန်း ကြပြီး ၊ မကြည်ဖြူ ၊အဆင်မပြေတော့ချိန် အပုတ်ချ သိက္ခာ ချတတ်သည့် အကျင့်များ ရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါရ်  ကျမ်း ၊ ၁၀၉ / ၇၅


****************************************************************
END / 251



ဟဒီးစ်တော်(၁၁)


သမီးရှင်များ အတွက် သားမက် ကောင်း ရွေးချယ်နည်း

အေမာမ် ဟစန်မိုဂျ်သဗါ   (အ.စ) မှ ရီဝါယသ် တော် တစ်ခုတွင် သမီးရှင်များ အတွက် သားမက် ကောင်း ရွေးချယ်နည်း ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် မကာရေမ်မိုလ် အစ်ခ်လာက်  ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။


قال الامام المجتبیٰ علیه السلام:
زَوِّجْها مِنْ رَجُلٍ تَقىٍّ فَاِنَّهُ اِنْ اَحَبَّها اَكْرَمَها وَ اِنْ اَبْغَضَهالَمْ يَظْلِمْها.

အေမာမ် ဟစန်မိုဂျ်သဗါ   (အ.စ) မိန့်တော် မူ၏။

မိမိသမီးအား သက္က်ဝါးရှိသူ အမျိုးခင်ပွန်းသည် နှင့် အိမ်ထောင်ပြုပေးပါလေ။ အကြောင်းမှာ အကယ် ၎င်းသည် အသင်၏ သမီးအားချစ်ခင်မြတ်နိုး လျင် (အသင်)သမီးအား ဂုဏ်သိက္ခာ ပေးပေမည်။ အကယ်၍ အသင်၏ သမီးကို မချစ်မနှစ်သက်လျင် လည်း ၎င်းအပေါ် ညှဉ်းပန်း နှိပ်စက်မည် မဟုတ်ချေ။

ကျမ်းကိုး ။  ။ မကာရေမ်မိုလ် အစ်ခ်လာက်  ကျမ်း  ၊ စာမျက်နှာ ၂၀၄


****************************************************************
END / 251




ဟဒီးစ်တော်(၁၂)

အာလင်မ် သည် အာဗစ်ဒ် ထက် ပိုမိုပြီး မြင့်မြတ် ကြောင်း

အေမာမ် မိုဟမ္မဒ် ဘာကဲရ်   (အ.စ) မှ ရီဝါယသ် တော် တစ်ခုတွင် အာလင်မ် သည် အာဗစ်ဒ် ထက် ပိုမိုပြီး မြင့်မြတ် ကြောင်း ဘက် သို့ ညွှန် ပြ ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းကြီး များ မှ တစ်ကျမ်း ဖြစ်သည့် အဒ်ဒါအ်ဝါသ် ကျမ်း  ပါ လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:

عالِمٌ يُنتَفِعُ بِعِلمِه، أفضَلُ مِن سَبعينَ ألفِ عابِدٍ.

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အ.စ) မိန့်တော် မူ၏။

အကြင် အာလင်မ် မည်သူမဆို မိမိ၏ ပညာ အား အသုံးပြုမည် ဆိုလျင် အာဗစ်ဒ် ပေါင်း  ခုနှစ် သောင်းထက် ပိုမို၍ မြင့်မြတ် ပေသည်။

မှတ်ချက် ။ ။ အေမာမ် (အ.စ) ၏ အမြင်တွင် အာလင်မ် ဖြစ်ဖို့ အရေးကြီးပေသည်။ ပြီးနောက် မိမိ ပညာ ဖြင့် လူထု အား အကျိုးပြုသူ ဖြစ်ပေသည်။  


ကျမ်းကိုး ။  ။ အဒ်ဒါအ်ဝါသ် ကျမ်း  ၊၁၅၃ / ၆၂


****************************************************************
END / 251

 

ဟဒီးစ်တော်(၁၃)

စစ်မှန်သည့် အီမာန်
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် စစ်မှန်သည့် အီမာန် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရွလ်အန်နဝါရ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
ليسَ الإيمانُ بالتَّحَلّي و لا بالتَّمَنّي ، و لكنَّ الإيمانَ ما خَلَصَ في القلبِ و صَدّقَهُ الأعمالُ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အီမာန် ၏ ဆက်နွယ် ပတ်သက်မှုသည် အပြင်ပိုင်း ပြီး နောက် လိုချင်ဆန္ဒ ၊ နှင့် အာသီသ နှင့် မပတ်သက်ပါ။ တစ်နည်းအားဖြင့် အီမာန်ဆိုသည်မှာ နှလုံးသားတွင် ဖြူစင် သန့်ရှင်း စေပြီး လုပ်ရပ်ဖြင့် ၎င်းကို သက်သေပြခြင်း ကို ခေါ်ဆိုပါသည်။
ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါရ်  ကျမ်း ၊ ၆၉ / ၇၂ / ၂၆
****************************************************************
END / 251


ဟဒီးစ်တော်(၁၄)

အိမ်နီး နားချင်း ကောင်း ၏ အရေးပါမှု
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အိမ်နီး နားချင်း ကောင်း ၏ အရေးပါမှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မီးဇာန်နိုလ်ဟေက်မဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
جالِسِ الأَبرارَ فَاِنَّکَ اِن فَعَلتَ خَيراً حَمَدُوکَ وَ إنْ أخطَأتَ لَم يَعفُوکَ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
ကောင်းမြတ်သူ လူကောင်းသူကောင်း များ နှင့်အတူ ထိုင်ပါလေ၊ထပါလေ ။(ပေါင်းသင်းဆက် ဆံပါလေ။) အကယ်၍ အသင်နေဖြင့် ကောင်းသည့် အလုပ် ၊လုပ်မည်ဆိုလျင် ၎င်းသည် အသင်အား ချီးမွမ်း ပြီး အားပေးမည် ဖြစ်ပါသည်။ ပြီးနောက် အကယ်၍ အသင်အမှား လုပ်လျင်လည်း အသင်ကို မဆုံးမရမခြင်း အလွတ်ပေးမည်မဟုတ်ချေ။

ကျမ်းကိုး ။ ။ မီးဇာန်နိုလ်ဟေက်မဟ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၁
****************************************************************
END / 251