အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၁၈ အောက်တိုဘာ ၂၀၂၂

၂၁:၂၀:၀၂
1315108

ရေစကြိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သံပြာချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာ ၁၇ ရက်နေ့မနက်ပိုင်းက တောင်ဦးရွာအနီးမှာ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​ရေစကြိုက တာဝန်ရှိသူတဦးက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သံပြာချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာ ၁၇ ရက်နေ့မနက်ပိုင်းက တောင်ဦးရွာအနီးမှာ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​ရေစကြိုက တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့စစ်​ကြောင်းကို ကျနော်တို့ ရှောင်တယ်။ ရှောင်တာကို ထိပ်တိုက်တွေ့တော့ အပြန်အလှန် ထိတွေ့မှု ဖြစ်တာပါ။ ကျနော်တို့ဘက်က စက်သေးနဲ့ပစ်တော့ သုံးယောက် နေရာတင် ပွဲချင်းပြီး သေတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။”

ရေစကြိုမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း သုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က တောင်ဦးကျေးရွာကို မီးရှို့ခဲ့တာကြောင့် ညနေ ၃ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

တောင်ဦးကျေးရွာအတွင်းက ဒေသခံရွာသားတွေ တခြားနေရာမှာ တိမ်းရှောင်နေတာ ၅ ရက်လောက် ရှိပြီဖြစ်ပြီး ကျေးရွာထဲက မီးရှိုခံထားရတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း ၂၊ မဟာမိတ်တပ်ဖွဲ့များနှင့် (၂)၊ Urban Underground Revolution Force-YSO (UURF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြိုင်) အပါအဝင် ရေစကြိုနဲ့ မြိုင်မှာ လက်နက်ကြီးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

****************************************************************
END / 251