အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese.
ကြာသပတေးနေ့

၂၇ အောက်တိုဘာ ၂၀၂၂

၂၂:၀၄:၃၃
1317926

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏ ဆာလော်ကျိုးစခန်းကို KNLA ဝင်တိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်) ရှိ စစ်ကောင်စီ၏ ဆာလော်ကျိုးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်) ရှိ စစ်ကောင်စီ၏ ဆာလော်ကျိုးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်၊ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုအပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာကို လက်နက်ကြီးဖြင့် အချက်ရေ တစ်ဒါဇင်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ (၅) က ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ညောင်ပင်ကျေးရွာက လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောထားသည်။

ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေကလည်း မထောကျေးရွာနှင့် မြေနီကုန်းကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း KNLA တပ်မဟာ (၅) က ဆိုသည်။

ထို့ပြင် ဖာပွန်မြို့နယ် ကတိုင်ထိရွာနှင့် ဘောကျို့လယ်ရွာအကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ KNLA တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂၄ ရက်နေ့က တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း KNU က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် KNU လက်အောက်ခံ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

KNU သည် စစ်တပ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ထားသော အင်အားကြီး တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထိန်းချုပ်တပ်မဟာ ခုနစ်ခုအနက် ခြောက်ခုတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်။

****************************************************************
END / 251