အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၃ နိုဝင်ဘာ ၂၀၂၂

၂၁:၄၆:၄၁
1320078

ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်မှာ အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် အလုံး ၂၀ လောက် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်မှာ အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် အလုံး ၂၀ လောက် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သရဖီလမ်းသွယ်နဲ့ နှင်းဆီလမ်းသွယ်၊ အကွက် (၈၆၈) ကံရွာရပ်မှာ မနေညနေ ၅ နာရီလောက်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာမှာ ညနေ ၅ နာရီ ၅၉ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီ ၁၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

“ ညနေ ၅ နာရီခွဲလောက်ကစလောင်တာပေါ့။ ၆ နာရီ ၁၅ လောက်မှ မီးညွန့်ကျိုးသွားတယ်။ ပေါ့ဆမှုကြောင့်ဖြစ်ရတာပါ။ အိမ်မှာမီးမွှေးထားခဲ့တာ။ ရပ်ကွပ်ထဲ အိမ်ခြေအလုံး ၂၀ လောက်ပါသွားတယ်”လို့ မီးလောင်တဲ့ရပ်ကွက်အနီးနေသူက MPA ကိုပြောထားပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးပါဘူး။


****************************************************************
END / 251