အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၅ နိုဝင်ဘာ ၂၀၂၂

၁၂:၁၁:၁၅
1320484

ခေါဇာမြို့၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့၌ နိုဝင်ဘာ ၄ ရက် ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားမိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့၌ နိုဝင်ဘာ ၄ ရက် ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားမိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရကြတဲ့သူတွေက အမျိုးသား ၁ ယောက်နဲ့  အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ် ၂ ယောက်တို့ဖြစ်ပြီး ဒဏ်ရာရသူတွေကို လူမှုကယ်ဆယ်ရေးသမားတွေက ရေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ခေါဇာအခြေစိုက် ခလရ ၃၁ စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲက လူနေအိမ်ဘက်မှာ ကျည်ထိမှန်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးက ရွာထဲကို ၅ ချက် ထက်မနည်း လက်နက်ငယ်တွေပါ  ထပ်မံပစ်နေတော့ ဒေသ ကာကွယ်ရေး PDF နဲ့ တိုက်ပွဲတွေ ဖြစ်တာလားတော့ မသိရဘူးလို့ ဒေသခံတယောက်က ထပ် ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်အပြီး စစ်ကောင်စီ တပ်လက်အောက်ခံ စစ်တပ်၊ ရဲတွေနဲ့ စစ်ရေးတင်းမာလာနေသလို နှစ်ဖက်စလုံးက ထိခိုက်ကျဆုံးတာတွေရှိနေခဲ့တာပါ။

ခေါဇာမြို့က စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိလာ ခဲ့တာကြောင့် ညဘက်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လှည့်ကင်း ဝပ်ကင်းတွေရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

****************************************************************
END / 251