အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
ကြာသပတေးနေ့

၁၀ နိုဝင်ဘာ ၂၀၂၂

၂၀:၄၉:၃၉
1321996

တန့်ဆည်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော်သေဆုံး၊ ဒဏ်ရာရသူအများပြားရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များအား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ၁၀ ဦးကျော်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များအား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ၁၀ ဦးကျော်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် တန့်ဆည်- ကံထူးမ ကားလမ်းမဘေး ပဲခင်းကြီးကျေးရွာအနောက်ဘက် တောင်ပို့ရင်းတံတားအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“တောင်ပို့ရင်းတံတား အဆင်းတစ်လျှောက်မှာ လိုက်ပြီးတိုက်တာ၊ ၁၀ နာရီကျော်လောက်ကျတော့ သူတို့လည်း ပြန်ဆုတ်၊ ကျွန်တော်တို့လည်း ကျည်အားနည်းတာနဲ့ ပြန်ဆုတ်လာတာ၊ သူတို့ ပဲခင်းကြီးရွာမှာ ခဏနားပြီး ကံထူးမရွာကို ပြန်သွားကြတာ” ဟု တိုက်ပွဲအကြောင်းကို တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်နာရီခန့်ကြာမြင့်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိပြီး တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၇)မှ ရဲဘော်တစ်ဦး လက်မောင်းရှပ်ထိဒဏ်ရာရကြောင်း ၎င်းကပြောသည်။

“သူတို့ဘက်က ကျဆုံးမှုတွေကိုတော့ အင်အားအခြေအနေကို ရေကြည့်ရတာပေါ့၊ စစချင်း ၁၄၀ လောက်ရှိတာမှာ၊ နောက်ဆုံးကျတော့ ၁၂၈ ယောက်ပဲ ကျန်တယ်ပေါ့နော်” ဟု စစ်ကောင်စီသေဆုံးမှု အတည်ပြုပုံကို တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီတပ်သည် တပ်မ (၃၃) လက်အောက််ခံ ခလရ (၃၆၈)ဟု သိရပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ မှစ၍ တန့်ဆည်မြို့နယ်အတွင်း ခေါက်တုန့်ခေါက်ပြန် စစ်ကြောင်းထိုးကာ ကျေးရွာများအား မွှေနှောက်နေခြင်း ဖြစ်သည်။

ထိုစစ်ကြောင်းတွင် ယခုအကြိမ်၌ ပျူစောထီးဟုယူဆရသော အမျိုးသမီးစစ်သည် ၂၅ ဦးခန့် ပါဝင်လာသည်ကို တွေ့ရကြောင်း တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၆)နှင့် (၇) တို့မှ ရဲဘော်များက တိုက်ခိုက်ကြခြင်းဖြစ်ပြီး ကျည် ၉၀၀ ခန့်၊ လက်နက်ကြီး ၁၉ လုံး အသုံးပြုတိုက်ခိုက်ရာ ကုန်ကျစရိတ် သိန်း ၁၀၀ ကျော်ရှိကြောင်း တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ယနေ့တွင် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ကံထူးမကျေးရွာက နယ်မြေရဲစခန်း၌ အထိုင်ချတပ်စွဲလျှက်ရှိပြီး အနီးဝန်းကျင်ကျေးရွာများသို့ စက်လတ်များ ၊လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကံထူးမကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ လယ်မ၊ ကြက်ဆူကန်၊ ရေရှင်ကုန်း၊ မရမ်းမိ၊ ပေကုန်း၊ သရက်ခါးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

****************************************************************
END / 251