အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
သောကြာနေ့

၁၁ နိုဝင်ဘာ ၂၀၂၂

၁၈:၀၆:၂၄
1322054

ကျိုက်လတ်မြို့တွင် ဗိုလ်မှူးလူယုံဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသည့် ဗိုလ်မှူးလူယုံ ဦးမျိုးသူ (ခ)ခေါလေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသည့် ဗိုလ်မှူးလူယုံ ဦးမျိုးသူ (ခ)ခေါလေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၁၀ ရက်၊ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ကျိုက်လတ်မြို့ အမှတ်(၁)ရပ်ကွက် ၊ ၁၃ လမ်းတွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ဧရာဝတီတိုက်ငါးမန်းပြောက်ကျား တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးငွေညှစ်ခြင်း၊ ပြည်သူလူထုအား နည်းမျိုးစုံ ဒုက္ခပေးနေခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီတိုက်ငါးမန်းပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးမျိုးသူ(ခ)ခေါလေး ဆိုသူသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ရဲများကို သတင်းပေးနေသူပြီး ကျိုက်လတ်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်မှ ဗိုလ်မှူးဖြစ်သူ၏ လူယုံဖြစ်သည်ဟု ဒေသခံကတစ်ဦးကပြော သည်။

"ကျိုက်လတ်မှာ တပ်စွဲထားတဲ့ ဗိုလ်မှူးဆိုတဲ့ကောင်က ခေါလေးကိုပဲယုံတာ။ အဲ့ဒီဗိုလ်မှူးရဲ့ ကလေး ကျောင်းကြို၊ ကျောင်းပို့တောင် ခေါလေးကပဲ လုပ်ပေးရတယ်။ ဗိုလ်မှူးလူယုံပေါ့။ ပြီးတော့ခေါလေးက ဆန္ဒပြတာတွေလုပ်တဲ့အချိန်တည်းက စစ်တပ်ကိုသတင်းပေးနေတာပါ"ဟု ဒေသခံကပြောသည်။

ဦးမျိုးသူ ပစ်ခတ်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ သေနတ်ဒဏ်ရာရရှိသူ ဦးမျိုးသူအား ကျိုက်လတ်ဆေးရုံသို့ခေါ်ဆောင်သွားကြသည်ဟု ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် သေနတ်ဒဏ်ရာဖြင့် သတိလစ်မေ့မျောနေသည့် ဦးမျိုးသူကို ကျိုက်လတ်ဆေးရုံမှ မအူပင်ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသနေရသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

****************************************************************
END / 251