အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၁၅ နိုဝင်ဘာ ၂၀၂၂

၁၆:၅၀:၄၃
1323376

စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံစရာအကြောင်းမရှိဟု မလေးရှားပြော

လာမယ့်နှစ်မှာ မြန်မာအာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လာမယ့်နှစ်မှာ မြန်မာအာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။

နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ မပါ၀င်ဘဲ ရွေးကောက်ပွဲဥပဒေတွေကို စစ်ကောင်စီက ပြင်ချင်သလို ပြင်ဆင်ခဲ့တဲ့အတွက်ကြောင့်လို့ သူက ဆိုပါတယ်။

“ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခွင့် စစ်ကောင်စီမှာ မရှိပါဘူး။ ပြီးခဲ့တစ်ခေါက် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတယ်လို့ နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောခဲ့ကြပါတယ်။ ဒီမိုကရေစီအဖွဲ့တွေ အကြီးအကျယ်နိုင်တယ်။ ဒါပေမယ့် လွှတ်တော်မခေါ်ခင်မှာပဲ စစ်တပ်က အာဏာသိမ်းသွားတယ်။ ဒ့ါကြောင့် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံနဲ့ မလေးရှားတို့က ထောက်ခံစရာအကြောင်းကို မရှိပါဘူး”

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ကာ တည်ငြိမ်အေးချမ်းရေးကို မလေးရှားက လိုလားတယ်လို့လည်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။


****************************************************************
END / 251