အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ နိုဝင်ဘာ ၂၀၂၂

၁၉:၃၃:၅၃
1323848

အပြု သဘော မဆောင်တဲ့ သဘောထားကို ဥရောပက ရှောင်ကြဉ်ရမယ်လို့ အီရန်က သတိပေး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံ ခြားရေးဝန်ကြီးမှ တီဟီရန် နှင့်ပတ်သပ်ပြီး အပြုသဘော မဆောင်တဲ့ ချဉ်းကပ်မှုမျိုးကို ရှောင်ကြဉ်ဖို့ ဥရောပနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

IAEA ၏ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့တွင် အီရန်အပေါ် ဆုံးဖြတ်ချက်ချရန် ဥရောပနိုင်ငံများ၏ ကြိုးပမ်းမှုများကို တုံ့ပြန်စဉ်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံ ခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီရမ်းန်  မှ  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံ ခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီရမ်းန်  မှ တီဟီရန်သည် ဥရောပနိုင်ငံများသို့ အရေးကြီးသော သတင်းစကား ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်?

 အီရန် နိုင်ငံ ခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီရမ်းန်  က ဥရောပနိုင်ငံများသည် ၎င်းတို့၏ အပြုသဘော မဆောင်သော သဘောထားကို မစွန့်လွှတ်ပါက တီဟီရန်ဘက်မှ  ထိရောက်သော တုံ့ပြန်မှုပေးရန် ဖိအားပေးခံရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အမျိုးသား အကျိုးစီးပွားသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်ပြီး ၎င်းအတွက် နောက်ပြန်ဆုတ် မည်မဟုတ်သော် လည်း ပိတ်ဆို့မှုများအဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို အမြဲဖွင့်ထား မည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံ ခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီရမ်းန်  ပြောကြားခဲ့ပါတယ်/

တစ်ဖက်တွင် အမေရိကန်သည် နျူသဘောတူစာချုပ် ချုပ်ဆိုရန် အလျင်စလိုနေပြီဖြစ်ကြောင်း အီရန်နိုင်ငံသို့ သတင်းစကား ပေးပို့ထားပြီး တစ်ဖက်တွင်မူ ရောဘတ်မာလီက နျူသဘောတူညီချက်သည် ကျွန်ုပ်တို့၏ ဦးစားပေးကိစ္စများထဲတွင် မဟုတ်ကြောင်း  နှင့် အဓိကရုဏ်း နှင့် အဓိကရုဏ်းများကို လှုံ့ဆော် သည့် စကားကိုသာ  ပြော ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251