အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီဇဟ်မြို့တွင်အမည်မသိလူများ၏ လူမဆန်သည့် အကြမ်းဖက် တိုက်ခိုက် မှုကြောင့် နိုင်ငံသားများသေဆုံးပြီးဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ် ဗုဒ္ဓဟူးနေ့ ၁၇း၃၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်နှစ်စီး စီးနင်းလာသည့် လက်နက်ကိုင်သူများ မှ မြို့လယ်ဈေးတွင် မြို့သူမြို့သူ များနှင့် ရဲများအား ပစ်ခတ်ခဲ့ ကြောင်း သိရှိ ခဲ့ ရပါတယ်။
ခူဇစ်စတန် ပြည်နယ်၏ လက်ထောက်လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအရာရှိ၏ ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
အာဂါယေ ဝလီယွလ္လာဟ် ဟယာသီ မှ ရှဟီးဒ် ဖြစ်သူများ တွင် မိန်းကလေးတစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဤမြို့၏ ဟောင်ဇဟ်များ (ဘာသာရေးတက္ကသိုလ်များမှ တစ်ခု၏ တိုက်ခိုက် ပြီး မီးရှို့ ထားသည့် ဓာတ်ပုံများကို ဖြန့် ချိခဲ့ပါတယ်။
အီဇဟ်သည် လိုရီ ဘာသာစကား အရ ဖြစ်ပြီး ခူဇစ်စတန် ပြည်နယ်၏ အရှေ့မြောက်ဘက် ရှိ တောင်တန်းများ တစ်ဝက်နီးပါးရှိသည့် မြို့ တစ် မြို့ ဖြစ်ပါတယ်။
****************************************************************
END / 251