အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ကြာသပတေးနေ့

၈ ဒီဇင်ဘာ ၂၀၂၂

၂၀:၃၂:၂၅
1329573

ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ခရီးစဥ်အဖြစ် ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ခရီးစဥ်အဖြစ် ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။

သမိုင်းနဲ့ချီပြီးရှိတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဖိတ်ခေါ်ခဲ့တာလို့ ဆော်ဒီနိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ ဒုတိယမြောက် ဆော်ဒီခရီးစဥ်ဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်ပါ။

ရှီရဲ့ ခရီးစဥ်မှာ ကန်ဒေါ်လာ ၂၉.၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုမှာပါ။ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ရှိတဲ့ တရုတ်-ပင်လယ်ကွေ့ ထိပ်သီးအစည်းအ၀ေးကိုလည်း ရှီက တက်ရောက်မှာ ဖြစ်ပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times က ဒီထိပ်သီးအစည်းအ၀ေးဟာ တရုတ်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး အာရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံမှာ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251