အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၈ ဒီဇင်ဘာ ၂၀၂၂

၂၁:၄၇:၂၇
1329582

အမေရိကန်သည် အီရန်နှင့် ဆက်သွယ်ကို အကြောင်းပြ၍ ကုမ္ပဏီ ၂၆ ခုနှင့် လူ ၅ ဦးကို ပိတ်ဆို့ မှု ပြုလုပ်  

အီရန်နှင့် ဆက်သွယ် မှုအကြောင်းပြ၍ လူပုဂ္ဂိုလ် ၅ ဦး နှင့် အဖွဲ့အစည်းကုမ္ပဏီ ၂၆ ခုကို ပိတ်ဆို့အရေးယူရန် အမေရိကန်ဘဏ္ဍာရေးဌာနက ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

Mehr သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် အီရန်နှင့် ဆက်ဆံရေးကို အကြောင်းပြ၍ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအသစ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားကြောင်း ကြေညာခဲ့ပါတယ်။

၎င်းအစီရင်ခံစာအရ အမေရိကန်ဘဏ္ဍာရေးဌာနက အီရန်နဲ့ ဆက်သွယ် နေတာကြောင့် ကုမ္ပဏီ ၂၆ ခုနဲ့ လူ ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရပါတယ်။  ကြေငြာချက်တစ်ခုတွင်၊ အမေရိကန် ဘဏ္ဍာရေးဌာနသည် အီရန်အပေါ်ချမှတ်ထားသည့် ရေနံပိတ်ဆို့မှုများကို ရှောင်လွှဲခြင်းဖြင့် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ် ၏ ကွဒ်စ် တပ် အတွက် ဝင်ငွေဒေါ်လာသန်းပေါင်းများစွာရရှိသည့် ကွန်ရက်တစ်ခုကို လူ့အခွင့်ရေး ၊လွတ်လပ်ရေးဆိုသည့် ခေါင်းစဥ်များ ဖြင့် ကမ္ဘာကိုလှည့်ပတ် အကွက်ဆင်နေသည့် အမေရိကန် မှ ဒီကွန်ရက်ကို အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။

တူရကီစီးပွားရေးလုပ်ငန်းရှင် စီသကီ အာယန် က လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနကလည်း အခိုင်အမာဆိုထားပါတယ်။

****************************************************************

 

END / 251