အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၅၂:၅၁
1330033

ဒိုင်ရာဟ် အစ်မာအီးလ် ခမ်းန် တွင် အေမာမ် စဂျာဒ် (အ.စ) ၏ မွေးနေ့ပွဲကျင်းပ

ဂျမာဒီယိုလ်အောင်ဝဲလ် ၁၅ ရက်နေ့ သည် အေမာမ် စဂျာဒ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ဖြစ်၍ သခင်ကြီး အား အထူးဂုဏ်ပြုသည် သည့် အနေ ဖြင့် ပါကစ္စတန် နိုင်ငံ ဒိုင်ရာဟ် အစ်မာအီးလ် ခမ်းန် ၏ သဲဟ်လေဟ်ယလေဟ် ရှားဟ် တွင် မွေးနေ့ ပွဲအား ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ ဂျမာဒီယိုလ်အောင်ဝဲလ် ၁၅ ရက်နေ့ သည် အေမာမ် စဂျာဒ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ဖြစ်၍ သခင်ကြီး အား အထူးဂုဏ်ပြုသည် သည့် အနေ ဖြင့် ပါကစ္စတန် နိုင်ငံ ဒိုင်ရာဟ် အစ်မာအီးလ် ခမ်းန် ၏ သဲဟ်လေဟ်ယလေဟ် ရှားဟ် တွင် မွေးနေ့ ပွဲအား ကျင်းပခဲ့ပါတယ်။

၎င်း အခမ်းအနား ၏ အထူးဧည့်သည်တော်  မှ  ရှီအဟ်အိုလမာ ကောင်စီ ပါကစ္စတန် ၏ ဒုဥက္ကဋ္ဌ အလာမာ မိုဟမ္မဒ် ရမ်တွာန်သောင်ကီးရ် နှင့် သဲဟ်စီးလ် အဖွဲ့ဝင်ဟောင်း စိုဟိုင်ရ် အဘာစ်ရှားဟ်တို့ ဖြစ်ပါတယ်။

အလာမာ မိုဟမ္မဒ် ရမ်တွာန်သောင်ကီးရ် မှ အေမာမ် စဂျာဒ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ အထိမ်းအမှတ် အဖြစ် အထူးဆီးမီး ကို ထွန်းညှိ ပြီး မင်္ဂလာ ကိတ်အား လှီးခဲ့ပါတယ်။ အထူးဧည့်သည်တော်  ဖြစ်သည့် အလာမာ မိုဟမ္မဒ် ရမ်တွာန်သောင်ကီးရ် အား အန်ဆရ် အဘာစ် မှ ပန်းစည်းပေးအပ်၍ ကြိုဆို ခဲ့ပါတယ်။

အခမ်းအနား စီစဥ်သူများ ဘက်မှ အေမာမ် စဂျာဒ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာအချိန်အခါ တွင် အေမာမ်ဘာရာ အား လျှပ်စစ်မီးလုံးများ ပန်းများဖြင်ါ အလှဆင်ထား ပါတယ်။ မိုအ်မင် နီအများ အပြားမှ လည်းတက်ရောက်နေရာယူ၍ လှပမှု ကျက်သရေရှိမှုကို ထပ်တိုးစေခဲ့ပါတယ်။

သဲဟ်စီ မြို့ ၏ ဥက္ကဋ္ဌ ဆရက်ဒ် အန်ဆွာရ် အလီ ဇိုင်ဒီ ၊ နောင်ဟာဖတ်သူ ဆရက်ဒ် အလ်သွာဖ် ဟိုစိုင်းန် ရှားဟ် နှင့် အခြား ဧည့်သည် တော်များ တက်ရောက်နေရာယူခဲ့ကြပါတယ်။

သဲဟ်လေဟ်ယလေဟ် ရှားဟ် ၏ဂေါပက လူကြီး ဆရက်ဒ် အလီ‌ရေဇာ ရှားဟ် နှင့် သဲဟ်လေဟ် ယလေဟ် ရှားဟ် တာဝန်ခံ  ဆရက်ဒ် စကလိုင်းအဘာစ် ရှားဟ် တို့မှ ကြွရောက်လာကြသည့် ဧသည့်သည်တော်များ အားလုံး နှင့် မိုအ်မေနီများကို ကျေးဇူးတင်ရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

****************************************************************

END / 251