အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : .m-mediagroup
တနင်္ဂနွေနေ့

၁၈ ဒီဇင်ဘာ ၂၀၂၂

၁၉:၄၇:၃၁
1331946

ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် ဘီလာ၀ါ ဘူတို ဇာဒါရီက အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကို ‘ဂူဂျာရတ်က သားသတ်သမား’ လို့ ၀ေဖန်ပြောဆိုလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် ဘီလာ၀ါ ဘူတို ဇာဒါရီက အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကို ‘ဂူဂျာရတ်က သားသတ်သမား’ လို့ ၀ေဖန်ပြောဆိုလိုက်ပါတယ်။

မိုဒီ ဂူဂျာရတ်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်စဥ်က လူရာချီသေဆုံးတဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်အောင် ဖန်တီးခဲ့မှုကို ရည်ညွှန်းပြီး ဇာဒါရီက အခုလို ခေါ်၀ေါ်ခဲ့တာပါ။

ကုလဆိုင်ရာ အိန္ဒိယသံအမတ် ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပါကစ္စတန်ဟာ အကြမ်းဖက်၀ါဒ မြစ်ဖျားခံရာနိုင်ငံဖြစ်တယ်ဆိုတဲ့ ပြောကြားမှုကို ပါကစ္စတန်ဖက်က တုန့်ပြန်တာလည်း ဖြစ်ပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်၀ါဒဆိုင်ရာ အစည်းအ၀ေးအပြီးမှာ အခုလို အပြန်အလှန် ၀ေဖန်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဇာဒါရီက အိန္ဒိယ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မိခင်အဖွဲ့အစည်း RSS ဟာ ဟစ်တလာရဲ့ SS အဖွဲ့ကို နမူနာယူပြီး ဖွဲ့စည်းထားတဲ့ အစွန်း ရောက်အဖွဲ့ အစည်းဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုကိစ္စအတွက် စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

****************************************************************
END / 251