အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၈ ဒီဇင်ဘာ ၂၀၂၂

၁၉:၅၆:၀၆
1331959

 မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းဆီကို ဒီဇင်ဘာ ၁၈ ရက်မှာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းနဲ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းဆီကို ဒီဇင်ဘာ ၁၈ ရက်မှာ ပဲ့ထိန်းဒုံးကျည် နှစ်စင်းနဲ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုဟာ ပြင်းထန်တဲ့ လောင်စာခဲသုံး အင်ဂျင်ကို စမ်းသပ်ပြီးတဲ့နောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ် လာတာပါ။

သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေပြီး ဗျူဟာမြောက် လက်နက်သစ်တွေကို တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေလို့ ရွေးလျား တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် တွေကိုလည်း ပိုမြန်မြန် ပစ်လွှတ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက ကြီးကြပ်ကွပ်ကဲတဲ့ စမ်းသပ်မှုကို ဒီဇင်ဘာ ၁၅ ရက်က မြောက်ကိုရီးယားနိုင်ငံ ဆိုဟေးဂြိုလ်တု လွှတ်တင်ရေးကွင်းကနေ စီမံခန့်ခွဲခဲ့တယ်လို့  KCNA သတင်းဌာနက ဖော်ပြပါတယ်။

ဆိုဟေး ဂြိုလ်တုလွှတ်တင်ရေးကွင်းကို ဒုံးပျံအင်ဂျင်တွေနဲ့ အာကာသလွှတ်တင်ယာဉ်တွေ အပါအဝင် ဒုံးကျည်နည်းပညာတွေကို စမ်းသပ်ဖို့ သုံးခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာ တားမြစ်ပိတ်ပင်မှုတွေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကြားကနေ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တဲ့ ICBM အပါအဝင် ဒုံးကျည်စမ်းသပ်မှု အများအပြားကို အခုနှစ်အတွင်း မကြုံစဖူး ပြုလုပ်ခဲ့ပါတယ်။


****************************************************************
END / 251