အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၉ ဒီဇင်ဘာ ၂၀၂၂

၂၀:၃၀:၁၆
1332259

အဗ်နာ သတင်းဌာန အား အေမာမ်ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် မှ ဂုဏ်ပြုကျေးဇူးတင်

အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် ၏ Karbala Research and Studies Center မှ အဗ်နာသတင်းဌာန ၏ တာဝန်ခံ CEO ဖြစ်သူ H.I ဆရက်’် ဟိုစိုင်းန်နီအာရေဖ် အား မီးရ်ဇာ ရှီရာဇီး ညီလာခံ ဆိုင်ရာ သတင်းများကို ဖော်ပြ တင်ပြပေးသည့်အတွက် ဂုဏ်ပြုကျေးဇူးတင်လွှာ ပေးအပ်ခဲ့ ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 (အာယာသွလ္လာဟ် အလ်အွဇ်မာ မီးရ်ဇာ မိုဟမ္မဒ်သကီ ရှီရာဇီ (ရ.ဟ) ဆိုင်ရာ ညီလာခံ ) အား ဒီဇင်ဘာလ ၁၁ရက်နေ့ တနင်္ဂနွေ ညနေခင်း အချိန်တွင် အဆုံးသတ်ခဲ့ပါတယ်။ ညီလာခံကျင်းပစီစဥ်သူများ မှ ညီလာခံ ကျင်းပရာ တွင် ပါဝင် ကူညီပေးခဲ့ကြအဖွဲအစည်းများကို ကျေးဇူးတင်ခဲ့ကြောင်း သိရှိရပါတယ်။

အဗ်နာ သတင်းသည်လည်း ၎င်းကူညီ လှုပ်ရှား ပေးခဲ့သည့် အဖွဲအစည်းများ မှ တစ်ခု ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် ၏ Karbala Research and Studies Center ဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ ဆရာ အဗ်ဒိုလ်အမီးရ် မှ အဗ်နာသတင်းဌာန ၏ တာဝန်ခံ  CEO ဖြစ်သူ H.I ဆရက်ဒ် ဟိုစိုင်းန်နီအာရေဖ် အား မီးရ်ဇာ ရှီရာဇီး ညီလာခံ ဆိုင်ရာ သတင်းများကို ဖော်ပြ တင်ပြပေးသည့်အတွက် ဂုဏ်ပြုကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပါတယ်။

(အာယာသွလ္လာဟ် အလ်အွဇ်မာ မီးရ်ဇာ မိုဟမ္မဒ်သကီ ရှီရာဇီ (ရ.ဟ) ဆိုင်ရာ ညီလာခံ ) သည် နိုင်ငံတကာ ဆိုင်ညီလာခံ များ ၏ တတိယ ‌မြောက် ညီလာခံ ဖြစ်ပြီး "World Congress for Revival of Karbala Scholars' Heritage" ခေါင်းစဥ် ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ (အာယာသွလ္လာဟ် အလ်အွဇ်မာ မီးရ်ဇာ မိုဟမ္မဒ်သကီ ရှီရာဇီ (ရ.ဟ) ဆိုင်ရာ ညီလာခံ ) သည် နိုင်ငံတကာ ဆိုင်ညီလာခံ များ ၏ တတိယ ‌မြောက် ညီလာခံ အား အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် ၏ Karbala Research and Studies Center ကြီးမှူး ကျင်းပ ခဲ့ပြီး ပထမမြောက် ညီလာခံ နှင့် ဒုတိယ  မြောက် ညီလာခံ အား (အလာမာ ဝဟီးဒ် ဗေဗဟာနီ  နှင့် ကြီးမား ဖေက်ပညာရှင်ဟဒီးစ်ပါရဂူ အစ်ဗ်နေ ဖဟဒ်ဟစ်လီ ) အတွက် ကျင်းပခဲ့ ခြင်း ဖြစ်ပါတယ်။

တတိမြောက် ညီလာခံ ဖြစ်သည့် (အာယာသွလ္လာဟ် အလ်အွဇ်မာ မီးရ်ဇာ မိုဟမ္မဒ်သကီ ရှီရာဇီ (ရ.ဟ) ဆိုင်ရာ ညီလာခံ ) ဖွင့်ပွဲအား အီရတ် နိုင်ငံ ကရ်ဗလာ မြို့ ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ရောင်ဇာတော် တွင် ဒီဇင်ဘာလ ၁၀ ရက် နေ့ ညနေခင်း ပိုင်း အချိန်တွင် ကျင်းပခဲ့ပါတယ်။ နမာဇ်ဇေမဂ်ရိဗ် နှင့် အေရှာနမာဇ် အပြီး နိုင်ငံတကာ သုတေသီများ မိမိတို့ ၏ ဆောင်းပါးများကို မွတ်ဂျ်သဗေအ် ဆရက်ဒ် ဒိုလ်အောင်စီယဟ် (အ.စ) အဆောက်အဦး တွင် တင်ပြခဲ့ကြပါကြောင်း သိရှိရပါတယ်။

ဒီဇင်ဘာလ ၁၁ရက်နေ့ တနင်္ဂနွေ မနက်ပိုင်း တွင်လည်း ပညာရပ်ဆိုင်ရာ ထိုင်ဝိုင်းများ ကျင်းပခဲ့ပြီး ညနေခင်းပိုင်းအချိန်တွင် ပိတ်ပွဲကို  ကျင်းပခဲ့ပါတယ်။ အဗ်နာ သတင်းဌာန မှ အီရတ်နိုင်ငံသို၌ သတင်းထောက်များ စေလွှတ်ပြီး ညီလာခံ ဆိုင်ရာ အသေးစိတ် သတင်း များ နှင့်  ဓာတ်ပုံသတင်းများကို အထူး သဖြင့် ဖွာရစီဘာသာကဏ္ဍ တွင် ဖော်ြပခဲ့ပါတယ်။

****************************************************************

END / 251