အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
အင်္ဂါနေ့

၂၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၀:၄၆
1332525

တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

တရုတ်နိုင်ငံ မြို့ကြီးတစ်ချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်လှိုင်းသစ်ကြောင့် မီးသင်္ဂြိုဟ်စက်တွေမှာ အလျင်မီ မသင်္ဂြိုဟ်နိုင်တဲ့အထိ သေဆုံးမှုတွေ များနေတယ်လို့ သတင်းထွက်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
တရုတ်နိုင်ငံ မြို့ကြီးတစ်ချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်လှိုင်းသစ်ကြောင့် မီးသင်္ဂြိုဟ်စက်တွေမှာ အလျင်မီ မသင်္ဂြိုဟ်နိုင်တဲ့အထိ သေဆုံးမှုတွေ များနေတယ်လို့ သတင်းထွက်လာပါတယ်။

AFP သတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ကိုဗစ်ပြန့်နှံ့နေတဲ့ ဘေဂျင်း၊ ချုံကျင်းနဲ့ ကွမ်ကျိုးမြို့တို့က မီးသင်္ဂြိုဟ်စက်တွေမှာ သင်္ဂြိုဟ်သူတွေဟာ ပုံမှန်ထက် ပိုမိုများနေပြီး တစ်ချို့နေရာတွေမှာ အသုဘထားဖို့ နေရာမရှိတာမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ အင်္ဂါနေ့ ကိုဗစ်ကူးစက်မှု အရေအတွက်ဟာ ၅၂၄၂ ဦးရှိပြီး သေဆုံးသူ ၅ ဦးလို့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်မှာ တစ်ကျော့ပြန် ကိုဗစ်ဟာ ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေကြောင့် ပြည်သူတွေ ဆန္ဒပြတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လာမယ့်လအနည်းငယ်အတွင်း တရုတ်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကိုဗစ်ကူးစက်ဖို့ ရှိနေပြီး လူ ၂ သန်း သေနိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ သုံးသပ်ပါတယ်။


****************************************************************
END / 251