အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၁:၁၃
1334347

ဇီယွန်စစ်တပ်၏ နှစ်ပတ်လည် အစီရင်ခံစာ၊ ဆီးရီးယားတွင် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ဝန်ခံ

ဇီယွန်စစ်တပ်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဆီးရီးယားနိုင်ငံအပေါ် ဒါဇင်နှင့်ချီသော စစ်ဆင်ရေးများပြုလုပ်ခဲ့ကြောင်း နှင့် အစ္စလာမ္မစ် ‌ဂျေဟာဒ် ( မတရားမှု၊ အနိုင်ကျင့်မှု၊ ရက်စက် သတ်ဖြတ်မှုကို တော်လှန်ခြင်း ) လှုပ်ရှားမှုခေါင်းဆောင် ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။  


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဟဲရ် သတင်းဌာန ၏ သတင်း အထောက်အထားများအရ 2022 ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံအပေါ် စစ်ဆင်ရေး ဒါဇင်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ဂါဇာရှိ ပစ်မှတ် ၂၅၇ ခုကို ဗုံးကြဲခဲ့ပြီး အစ္စလမ္မစ် ‌ဂျေဟာဒ် ( မတရားမှု၊ အနိုင်ကျင့်မှု၊ ရက်စက်သတ်ဖြတ်မှုကို တော်လှန်ခြင်း ) လှုပ်ရှားမှု ခေါင်းဆောင် ၁၄ ဦးကို အသေခံဗုံးခွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က တရားဝင် ၀န်ခံ ထားကြောင်း သိရှိရပါတယ်။

အစ္စရေးစစ်တပ်သည် 2022 ခုနှစ်အတွင်း ဆီးရီးယားရှိ ပစ်မှတ်အသီးသီးကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်များစွာ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Anadolu သတင်းဌာန၏ အဆိုအရ ဇီယွန်ဝါဒီအစိုးရသည် ဆီးရီးယားနိုင်ငံအပေါ် စစ်ဆင်ရေးများကို “စစ်ပွဲကြားစစ်ပွဲ” ဟုခေါ်ပြီး အီရန် အစ္စလာမ် ပြည်သူ့သမ္မတနိုင်ငံ ၏ အ‌ခြေစိုက်စခန်းများ ပစ်မှတ် ထားခဲ့ကြောင်း သို့မဟုတ် လက်ဘနွန် သို့ လက်နက်တင်ပို့မှုနှင့် ဟေစ်ဘွလ္လာဟ် (လက်ဘနွန်ရှိ တရား ဝင်ပါတီတစ်ခုအမည်) ထံ လက်နက်မရောက် အောင် လမ်းများ တွင် အတား အစီးများ ပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။

ဆီယွန် စစ်တပ်မှ ထုတ်ပြန်ချက်တွင် ဇီယွန်ဝါဒီစစ်တပ်သည် 2022 ခုနှစ်တွင် ဆီးရီးယားရှိ ၎င်း၏ပစ်မှတ်၏ အမျိုးအစားကို  မဖော်ပြဘဲ စစ်ပွဲများ အတွင်း ဆီးရီးယား ကို ဒါဇင် နှင့်ချီသည့် တိုက်ခိုက်မှုများကို ပြုခဲ့ကြောင်း အထူးစစ်ဆင်ရေးများလည်းပြုခဲ့ ကြောင်း ၊ ဒုံးကျည်တိုက်ခိုက်မှုများဖြင့် ပစ်မှတ်အများအပြား ကို ပစ်ခတ်ခံ ပြုလုပ်ခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။

ဇီယွန် စစ်တပ် မှ မိမိ ၏ အစီရင်ခံစာတွင်  ဇီယွန်စစ်တပ်သည် 2022 ခုနှစ်အတွင်း အနောက်ဘက်ကမ်းတွင် စစ်ဆင်ရေးပေါင်း 3,000 ကျော်ပြုလုပ်ကာ လက်နက် 500 ကျော် သိမ်းဆည်းရမိခဲ့ပြီး ယခုနှစ်အတွင်း ဂါဇာကမ်းမြှောင်ရှိ ပစ်မှတ်ပေါင်း 257 ခုအား လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စလာမ္မစ် ‌ဂျေဟာဒ် ( မတရားမှု၊ အနိုင်ကျင့်မှု၊ ရက်စက် သတ်ဖြတ်မှုကို တော်လှန်ခြင်း ) လှုပ်ရှားမှုခေါင်းဆောင် ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

ဇီယွန် စစ်တပ် မှ မိမိ ၏ အစီရင်ခံစာတွင် လက်ဘနွန်နယ်မြေတွင် တိုက်ခိုက်မှု လေးကြိမ်နှင့် အမြောက်ကျည် ၅၈ တောင့်တို့ကို တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်နယ်နိမိတ်အတွင်း မိမိတို့ သိမ်းပိုက်ထားသော ပါလက်စတိုင်း ဘက်သို့ ဒုံးကျည်တစ်စင်းကို 2022 ခုနှစ်တွင် ဇီယွန်စစ်တပ်မှ ပစ်ခတ်ခဲ့ကြောင်းဝင်ခံထားပါတယ်။

ယင်းကာလအတွင်း အရှေ့အလယ်ပိုင်းနှင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံများမှ တပ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး အာဗြရ်ဟံစာချုပ်၏ မိတ်ဖက်နိုင်ငံများသို့ လာရောက်လည်ပတ်မှု ၅၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဇီယွန်စစ်တပ်၏ ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် ဇီယွန်ဝါဒီအစိုးရ၏ ရဟတ်ယာဉ်များနှင့် စစ်လေယာဉ်များသည် စစ်ဆင်ရေး ပျံသန်းမှုပေါင်း ၁၀၀၀ ကျော် ပျံသန်းခဲ့ပြီး လေတပ်လေယာဉ်များသည် အဓိက နိုင်ငံတကာ လေ့ကျင့်ခန်း ၁၆ ကြိမ်တွင် ပါဝင်သည့်အပြင် နာရီပေါင်း ၁၀၅၀၀၀ ခန့် ပျံသန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

****************************************************************

END / 251