အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၉ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၈:၃၀
1334350

ကြက်ငှက်တုပ်ကွေးကြောင့် အမေရိကန်အပါအဝင် ၅ နိုင်ငံမှ အသားတင်သွင်းမှု ဟောင်ကောင် ရပ်ဆိုင်း

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသဟာ ကြက်ငှက်တုပ်ကွေးအန္တရာယ်ကြောင့် အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ပြင်သစ်နဲ့ ပိုလန် စတဲ့ဒေသတွေကနေ မွေးမြူရေး ကြက်၊ ဘဲ၊ ငှက် တို့လို အသားတွေနဲ့ ထုတ်ကုန်တွေကို တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း မြို့တော်ရဲ့ စားနပ်ရိက္ခာဖူလုံရေး အာဏာပိုင်တွေက ဒီဇင်ဘာ ၂၈ ရက်မှာ ကြေညာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသဟာ ကြက်ငှက်တုပ်ကွေးအန္တရာယ်ကြောင့် အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ပြင်သစ်နဲ့ ပိုလန် စတဲ့ဒေသတွေကနေ မွေးမြူရေး ကြက်၊ ဘဲ၊ ငှက် တို့လို အသားတွေနဲ့ ထုတ်ကုန်တွေကို တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း မြို့တော်ရဲ့ စားနပ်ရိက္ခာဖူလုံရေး အာဏာပိုင်တွေက ဒီဇင်ဘာ ၂၈ ရက်မှာ ကြေညာပါတယ်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) နဲ့ ပိုလန်နိုင်ငံ အထွေထွေကုသရေး စစ်ဆေးရေးဌာနတို့မှ အကြောင်းကြားချက်တွေအရ အဲဒီနိုင်ငံတွေရှိ တချို့ဒေသတွေမှာ H5N1 ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေအကြောင်းကို အစားအသောက်နဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးဌာနရဲ့ အစားအသောက်ဘေးကင်းရေးစင်တာ (CFS) က ကြေညာခဲ့တာပါ။

ဟောင်ကောင်ရှိ ပြည်သူ့ကျန်းမာရေးကို အကာအကွယ်ပေးရေးမှာ ချက်ချင်း အကျိုးသက်ရောက်စေဖို့ သက်ဆိုင်ရာနယ်မြေတွေမှာ ကြက်ဥအပါအဝင် မွေးမြူရေး အသားနဲ့ ထုတ်ကုန်တွေကို တင်သွင်းမှုရပ်ဆိုင်းဖို့ အစားအသောက်ဘေးကင်းရေးစင်တာ (CFS) က ညွှန်ကြားခဲ့ပါတယ်။

CFS ဟာ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ပိုလန် အာဏာပိုင်တွေဆီ ဆက်သွယ်ထားပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

အခြေအနေတိုးတက်မှုအတွက် သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

****************************************************************
END / 251