အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
သောကြာနေ့

၃၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၁၈:၃၅
1334540

မွတ်စလင်အမျိုးသမီးများအား စော်ကားအရှက်ခွဲသူကို အိန္ဒိယက တရားစွဲမည်

မွတ်စလင်အမျိုးသမီးတွေကို ရောင်းစရာတစ်ခုအဖြစ် အွန်လိုင်းတင်အရှက်ခွဲတဲ့ အမျိုးသားတစ်ဦးကို တရာစွဲဆိုသွားမယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မွတ်စလင်အမျိုးသမီးတွေကို ရောင်းစရာတစ်ခုအဖြစ် အွန်လိုင်းတင်အရှက်ခွဲတဲ့ အမျိုးသားတစ်ဦးကို တရာစွဲဆိုသွားမယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် Aumkareshwar Thakur ဆိုသူဟာ ၂၀၂၁ ခုနှစ်က Sulli Deals ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီး အိန္ဒိယမှာ ထင်ရှားတဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတင်ကာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်ရောင်းတာမျိုး မဟုတ်ဘဲ တမင် အရှက်ခွဲကာ နာမည်ပျက်အောင် လုပ်တာပါ။

သူ့ကို ၂၀၂၂ ခုနှစ် ဇန်န၀ါရီမှာ ဖမ်းဆီးနိုင်ခဲ့ပေမယ့် မတ်လမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရာဇ၀တ်မှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲချက်တင်ထားပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ တရားစွဲဆိုဖို့ ခွင့်ပြုချက်ရခဲ့တာဖြစ်ပါတယ်။ 

အိန္ဒိယ အွန်လိုင်းသုံးစွဲသူတွေကြားမှာ မွတ်စလင်အမျိုးသမီးတွေကို စော်ကားအရှက်ခွဲမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် တက်ကြွလှုပ်ရှားသူ၊ ထက်မြက်သူ မွတ်စလင်အမျိုးသမီးတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။

မွတ်စလင်အမျိုးသမီးတွေရဲ့ ပုံနဲ့ ကိုယ်ရေးအချက်အလက်ကိုတင်ကာ လေလံတင်ရောင်းတဲ့ နောက်ထပ် အက်ပလီကေးရှင်းတစ်ခုရှိပြီး Bulli Bai လို့ အမည်ပေးထားပါတယ်။

Bulli Bai ကိုဖန်တီးသူဟာ အသက် ၂၀ အရွယ် Neeraj Bishnoi ဆိုသူဖြစ်ပြီး Thakur နဲ့ အတူ ဖမ်းဆီးခံခဲ့ရတာပါ။ Bishnoi ကို တရားစွဲထားလားဆိုတာ တိတိကျကျ မသိရပါဘူး။


****************************************************************
END / 251