အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
သောကြာနေ့

၃၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၄၃:၁၃
1334546

ဆုံးဖြတ်ချက်ချသူများ အတွက် မောင်လာအလီ (အ.စ) ဆုံးမစကား

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မှ မှ ရီဝါယသ်တော် တစ်ခု တွင် ဆုံးဖြတ်ချက်ချသူများ အတွက် ဆုံးမစကား တစ်ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် သစ်နီးဖ် ဂိုရရိုလ်ေဟေကမ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنین علیه السلام:

تَفَكَّر قَبلَ أن تَعزِمَ وَ شاوِر قَبلَ أن تُقدِمَ وَ تَدَبَّر قَبلَ أن تَهجُمَ.

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

ဆုံးဖြတ်ချက်မချမည် အလျင် အသေအချာ စဥ်းစားပါ။ မည်သည့် လုပ်ဆောင်မှု ခြေလှမ်း ကို မလှမ်းမီ တိုင်ပင်ဆွေး‌နွေးပါ။ မည်သည့် အလုပ်ကို မဆို စတင်မလုပ်မည် သေချာ တွေး၊ သေချာစဥ်းစားပြီး မှ လုပ်ဆောင်ပါ။

ကျမ်းကိုး ။ ။ သစ်နီးဖ် ဂိုရရိုလ်ေဟေကမ်   ကျမ်း ၊ ၄၄၁ ၊ ဟဒီးစ်တော် ၁၀၀၅၄

မှတ်ချက်  - ကျွန်ုပ်တို့ ၏ ပတ်ဝန်းကျင်တွင် ကိစ္စတစ်ခု ကို အသေအချာ မသိဘဲ အကြားဖြင့် ၊ တစ်ဘက်စကား ဖြင့် သေချာ မစဥ်းစား၊ မလေ့လာ ဘဲ အတင်း တစ်ဘက်ပိတ် ဆုံးဖြတ်ကြသူများ အထက်ဖော်ပြပါ ဟဒီးစ်တော် အား နှလုံး သွင်ပြီး လက်တွေ့ကျသုံး ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251