အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂ ဇန်နဝါရီ ၂၀၂၃

၁၁:၀၃:၄၄
1335302

ဝေးဝေးရှောင်ရမည့် လူသုံးမျိုး

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် ဝေးဝေးရှောင်ရမည့် လူသုံးမျိုး ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام العلی علیه السلام:

وَلاَ تُدْخِلَنَّ فِي مَشُورَتِکَ بَخِيلاً يَعْدِلُ بِکَ عَنِ الْفَضْلِ وَ يَعِدُکَ الْفَقْرَ، وَلاَ جَبَاناً يُضْعِفُکَ عَنِ الاُْمُورِ، وَلاَ حَرِيصاً يُزَيِّنُ لَکَ الشَّرَهَ بِالْجَوْرِ؛ فَإِنَّ الْبُخْلَ وَالْجُبْنَ وَالْحِرْصَ غَرَائِزُ شَتَّى، يَجْمَعُهَا سُوءُ الظَّنِّ بِاللهِ .

 

 အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

(ပထမလူမျိုး) ကပ်စေးနည်းသူအား မိမိ တိုင်ပင်စရာကိစ္စ တွင်လုံးဝ မထည့်သွင်းပါလေနှင့်။အကြောင်း မှ ၎င်းအနေဖြင့် အသင်အား ကောင်းမှုပြုခြင်း၊ ကျေးဇူးပြုခြင်း ကနေ ဖယ်ရှယ်မည် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါ သည်။ ပြီးနောက် အသင် ဆင်းရဲ ခြင်း ဖြင့် ခြောက်လှန့် ပေလိမ့်မည်။ ပြီးနောက်  (ဒုတိယ လူမျိုး)   သူရဲဘော ကြောင် သူ နှင့်လည်းဘဲ တိုင်ပင်ခြင်းမှ ရှောင်ကြဥ် ပါ။ ၎င်းအနေဖြင့် အလုပ်များ ကိုဆောင်ရွက်သည့် အခါ အသင်အား စိတ်ဓာတ်ကျအောင် ပြုလုပ် ပေလိမ့်မည်။ ပြီး နောက်  (တတိယ လူမျိုး)   လောဘကြီးသူများ နှင့်လည်း တိုင်ပင် ခြင်းမှ ရှောင်ကြဥ်ပါ။ အကြောင်းမှာ ၎င်းအနေဖြင့် ညှဥ်းပန်းနှိပ်စက် ခြင်းဖြင့် လောဘ အား အသင်ရှေ့ တွင်လှပ အောင်ပြုလုပ်ပြီး တင်ပြပေလိမ့်မည်။ အကြောင်းမှာ ကပ်စေးခြင်း ၊ သူရဲဘောကြောင်ခြင်း နှင့်လောဘကြီးသည် တပ်မက် လိုအင်ဆန္ဒများ ဖြစ်ပြီး အလ္လာဟ်ဟိ အရှင်မြတ် နှင့်ပတ်သက်ပြီး မကောင်းတွေးခြင်း၊ မကောင်းမြင်ခြင်းကိုဖြစ်စေမှုတွင် အတူတူဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ၊ စာချွန် တော်အမှတ် ၅၃

မှတ်ချက်  - ကျနော်တို့ အနေဖြင့် ဘာသာရေး ၊ လူမှုရေး ကိစ္စများ ကို မဆောင်ရွက်ခင် ကပ်စေး နည်းသူ ၊ သူရဲဘောကြောင်သူ (ကြောက်သူ) ၊ လောဘကြီး (ရာထူး၊ငွေမက်သူ) များ နှင့် မတိုင်ပင်ဖို့  အရေးကြီး လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

****************************************************************

END / 251