အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃ ဇန်နဝါရီ ၂၀၂၃

၂၁:၂၁:၁၉
1335855

ဖျားနာသူကို သွားကြည့်ချိန် ပြုရမည့် ကျင့်ဝတ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဖျားနာသူကို သွားကြည့်ချိန် ပြုရမည့် ကျင့်ဝတ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရိုလ်အန်နဝါရ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قال رسول الله صلی الله علیه وآله وسلم:

 

تَمامُ عِيادَةِ المَريضِ اَنْ يَضَعَ اَحَدُكُمْ يَـدَهُ عَـلَيْهِ وَ يَسْـأَلَهُ كَيْفَ هُوَ كَيْـفَ اَصْبَـحْتَ وَ كَيْفَ اَمْسَيْتَ؟ وَ تَمامُ تَحِيَّتِكُمْ الْمُصافَحَةُ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ဖျားနာသူထံ သွားရောက်ကြည့်ခြင်းဆိုင်ရာ ကျင့် ဝတ်မှာ ဤသို့ ဖြစ်ပါသည်။ အသင်တို့ (သွားရောက် ကြည့်သူများ ) မှ တစ်ယာက်တစ်ယောက် သည် ၎င်း (လူနာ၏ ပခုံးနှင့် အခြားတစ်နေရာ ) ပေါ် လက်တင်ပြီး မေးမြန်းပါ။ အသင်အခြေအနေ ဘယ်လိုနေပါသလဲ? အသင်အနေဖြင့် ဖနက်နှင့် ည ဘယ်လို့ နေပါသလဲ ? ပြီးနောက်အသင် အနေဖြင့် စိတ်ပါဝင်စားမှုအပြည့်ဖြင့် ၎င်းအား လက်ဆွဲ နှုတ်ဆက် ခြင်း ကို ပြုရပါမည်။

ကျမ်းကိုး ။ ။ ဗေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၈၁ ၊ စာမျက်နှာ ၂၂၆

 

မှတ်ချက်  - လက်ဆွဲ နှုတ်ဆက်မှုပြုရန် အတွက်လူနာ သွားကြည့်သူများ အနေဖြင့် သတိပြုရမည်မှာ လူနာ သည် အမျိုးသမီးဆိုလျင် ။ ကြည့်သူသည်လည်း အမျိုးသမီး ဖြစ်ရမည်။ အမျိုးသားဆိုလျင် အမျိုးသားဖြစ်ရမည်။ သို့မဟုတ် မဲဟ်ရာမ် ဖြစ်ရမည်။ အခုလို ကိုရိုနာ ရောဂါအချိန်အခါတွင် လက်တွင် ပိုးသတ်ဆေးဖြန်း၍ ပါးစပ်တွင် မာစ်တပ်၍ ပြုသင့်ပေသည်။

****************************************************************

END / 251