အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၃ ဇန်နဝါရီ ၂၀၂၃

၂၁:၂၄:၃၇
1335856

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ ၃၀ လမ်း အိမ်အမှတ် ၂၀ မှာ အိမ်ငှားနေထိုင်တဲ့ ကိုဇော်နိုင် (ခ) အူစမန် အခန်းကို စစ်ဆေးခဲ့ရာ ရိုဟင်ဂျာ အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၃၂ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တောင်ကုတ်ကနေ ရန်ကုန်ကို ခေါ်လာတာ။ ဘယ်ထပ်ပို့မလဲတော့မသိဘူး။ အခု သီဟဒီပ အားကစားခန်းမှာ စစ်ဆေးနေတယ်။”

လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကလေးငယ် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ကို သန်လျင်မြို့နယ် သီဟဒီပ အားကစားခန်းမမှာ စစ်တပ်က စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် တိုးကြောင်ကလေးဘူတာမှာ ရိုဟင်ဂျာ ၉ ဦးနဲ့ ပွဲစား ၂ ဦး၊ ဟင်္သာတမြို့နယ် မြဝတီရပ်ကွက်မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
****************************************************************
END / 251