အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media 
ဗုဒ္ဓဟူးနေ့

၄ ဇန်နဝါရီ ၂၀၂၃

၂၁:၂၁:၀၄
1336126

ကိုဗစ်စိုးရိမ်သည့်အတွက် မလေးရှားက ပြည်၀င်ခွင့်တင်းကြပ်မည်

တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ်ကူးစက်နေပြီး ကမ္ဘာတစ်၀ှမ်းကို ထပ်မံပြန့်နှံ့မယ့် အန္တရာယ် ရှိနေတဲ့အချိန် မလေးရှားကလည်း နိုင်ငံခြားခရီးသွားတွေကို ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုလုပ်ဖို့ စီစဥ်နေပါတယ်။ 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ်ကူးစက်နေပြီး ကမ္ဘာတစ်၀ှမ်းကို ထပ်မံပြန့်နှံ့မယ့် အန္တရာယ် ရှိနေတဲ့အချိန် မလေးရှားကလည်း နိုင်ငံခြားခရီးသွားတွေကို ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုလုပ်ဖို့ စီစဥ်နေပါတယ်။ 

မလေးရှားဟာ တရုတ်ခရီးသွားတွေ အများအပြား လာရောက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ နိုင်ငံထဲ၀င်လာရင် အပူချိန် စစ်ဆေးဖို့၊ အဖျားလို ကိုဗစ်နဲ့သက်ဆိုင်တဲ့ လက္ခဏာတွေ တွေ့ရရင် ကွာရန်တင်းစင်တာပို့တာ ကျန်းမာရေးတာ၀န်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှု လုပ်တာတွေ ဆောင်ရွက်ဖို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံး ၂ ပတ် တရုတ်နိုင်ငံမှာ နေထိုင်ခဲ့သူတွေက RTK စစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၁၄ ရက်နေထိုင်ခဲ့သူတွေနဲ့ Close Contact ဖြစ်တဲ့သူတွေဟာ အဖျားနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရှိရင် ကိုဗစ်စစ်ဆေးပြီးမှ မလေးရှားနိုင်ငံထဲ ၀င်ခွင့်ရမှာပါ။

မလေးရှား ကမ္ဘာလှည့်ခရီးသွားအသင်း (MATA) က တရုတ်ခရီးသွားတွေကို ခေတ္တပြည်၀င်ခွင့်ပိတ်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

မလေးရှား ဆေးဘက်ဆိုင်ရာအသင်းက တရုတ်နိုင်ငံကလာတဲ့ ဘယ်သူ့ကိုမဆို ကိုဗစ်စစ်ဆေးဖို့ အကြံပြုထားပါတယ်။

ဒီကနေ့ အစိုးရအဖွဲ့ အစည်းအ၀ေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား၀န်ကြီးချုပ် အန်န၀ါရ် အီဗရာဟင်က ကိုဗစ်ကြောင့် ပြည်၀င်ခွင့်တင်းကြပ်မှုဟာ ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံတာမဟုတ်ဘဲ လူထုရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251