အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၂၀:၀၅:၀၈
1337610

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနဟ်ဟာရေ ကဘီရဟ် စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၄)

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနဟ်ဟာရေ ကဘီရဟ် စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၄) အား တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒုတိယ ရီဝါယသ်

 

فِی صَحِیْحِ بْنِ مَحبُوْب قَالَ کَتَبَ مَعِیْ بَعْضُ اَصْحَابِنَا اِلٰی اَبِیْ الْحَسَنِ (ع) یَسْئَلُهُ عَن الْکَبَائِرِکَمْ هِیَ ؟ وَمَاهِی ؟ فَکَتَبَ (ع) الْکَبَائِرَ مَنْ اِجْتَنَبَ مَاوَعَدَ اللّٰهُ عَلَیْهِ النَّارُ کَفَّرَ عَنْهُ سَیّئاتَهُ اِذَا کَانَ مُوْمِناً وَالسَّبْعُ مُوْبِقَاتٍ .

အစ်ဗ်နေမဲဟ်ဗူသ် မှ ဆဟီးတွင် ရီဝါယသ်တော်ကို ဆင့်ပြန် တင်ပြ ထားပါသည်။၎င်းမှ‌ပြောလေ၏။ ကျနော်၏ အချို့ မိတ်ဆွေ သူငယ်ချင်းများမှ ကျနော်နှင့်အတူ ဟဇရသ် အဗလ်ဟစန် (ခ)အေမာမ်ရေဇာ (အ.စ) ကို စာရေးခဲ့ကြပါ သည်။  ၎င်းစာတွင် မေးမြန်းလျှောက်ထားပါသည်။ ဂိုနဟ် ကဗီရာဟ် (ကြီးမားလေးလံသည့်အပြစ်) များ မည်မျှရှိပါ သနည်း ? ၎င်းကို ကို သတ်မှတ်ဖို့ စစ်မှန်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာအဘယ်နည်း? အေမာမ် သခင်မှ ဤကဲ့သို့ ရေးသား၍ အဖြေပေးမိန့်တော်မူလေ၏။

ဂိုနဟ် ကဗီရာဟ်ဆိုသည်မှာ ၎င်းအပြစ်ကို ကျူးလွန် သူအား ဂျဟန္နမ်ငရဲမီးကျမည်ဟု ကတိကဝတ် ပြုထားသည့် ဂိုနဟ် ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အကယ်၍ ၎င်း အပြစ်ကို ရှောင်ကြဥ် မည် (သောင်ဗဟ်ပြုမည်) ဆိုလျင်အလ္လာဟ် ဟိုအရှင်မြတ်သည် ၎င်း ဂိုနဟ်(အပြစ်)ကို ချေဖျက်ပေးမည် ဖြစ်ပါသည်။ (ဂျဟန္နမ်ငရဲမီးကျမည်ဟု ) ပြစ်ဒဏ်ပေးရန် ကတိကဝတ်ပြုထားသည့် ဂိုနဟ်မှာ ၇ ခု ရှိပါသည်။

قَتْلُ النَّنَسْ اِلْحَرَام ،وَعُقُوْقُ الْوَالِدَیْن ّ، وَاَکلُ الرِبوٰا ، وَالتَّعَرُّبُ بَعْدَ الْهِجْرَة ، وَقَذْفُ الْمُحْصِنَةِ ّ، وَاَکْلُ مَالَ الْیَتِم،وَالْفِرَارُ مِنَ الزَّخفِ .[1]

(၁) ရှရီအသ်တရားတော် အရ၊ သတ်ရန် ဟရာမ် ဖြစ်သူ ကို သတ်ခြင်း

(၂) ပြီးနောက် မိဘ စကားကို နားမခံခြင်း(စိတ်ဆိုး စိတ်နာ အောင်ပြုခြင်း )  

(၃)ပြီးနောက် အတိုးစားခြင်း

(၄) ရွှေ့ပြောင်းပြီးနောက် နောက်တစ်ပြန် ‌ဂျေဟာလသ်ဘက် သို့ ပြန်လှည့်ခြင်း

(၅) သန့်ရှင်းစင်ကြယ်သည် အမျိုးသမီးအား ဇေနာ ပြုသည် (အိမ်ထောင်ရေး ဖောက်ပြန်သည်) ဟုစွပ်စွဲခြင်း

(၆) ဖတဆိုးကလေးများ၏ ဥစ္စာ ပစ္စည်းကို စားသုံးခြင်း

(၇) စစ်မျက်နှာ ထွက်ပြေးခြင်း တို့ဖြစ်ပါသည်။

 

ဤနေရာတွင် အစ်ဗ်နေမဲဟ်ဗူသ် ၏ ရီဝါယသ် ပြီးဆုံး ပါသည်။  

 

တတိယ ရီဝါယသ် တော်

 

وَفِیْ رَوَایَةِ اَبِیْ الصَّامت عَنْ اَبِیْ عَبْدِاللّٰهِ (ع) قال: اَکْبَرُا الْکَبَائِرُ الشِّرْکُ بِاللّٰهِ وَقَّتْلُ النَّفْس الَّتِیْ حَرَّمَ اللّٰهُ اِلاَّ بِالْحَقَّ وَاَکْلُ اَمْوَالِ الیَتَامیٰ وَعُقُوْقُ الْوَالِدَیْنِ وَقَذْفُ الْمحصَنَاتِ وَالْفَرارُ مِنَ الزَّحْفِ وَانْکَارُ مَااَنْزَل اللّٰهُ عَزَّوَجَلَّ  .

 

 

အဗီ ဆွာမသ် မှ စဟဇရသ် အဗီ အဗ်ဒွလ္လာဟ် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံမှ ဆင့်ပြန်ပါသည်။ အေမာမ် (အ.စ)မှ မိန့် ကြားတော်မူသည်။ ဂိုနဟ်ကဗီရာဟ် များ မှ အကြီးမားဆုံး ဂိုနဟ်များ မှာ (၁) အလ္လာဟ်ဟို အရှင်မြတ် နှင့် ယှဥ်တွဲ ခဝပ်ကိုးကွယ်ခြင်း (၂) အလ္လာဟ်ဟို အရှင်မြတ်သခင် တား မြစ်ထားသည့်သူ ၏ အသက်ကို သတ်ခြင်း သို့သော် ရှရီ အသ်တရားတော်အရ သတ်ရန် ဝါဂျစ်ဗ်ဖြစ်သူမပါချေ။  (၃) ဖတဆိုးကလေးများ ၏ ဥစ္စာ ပစ္စည်း ကို စားသုံးခြင်း  (၄) မိဘ နှစ်ပါး ၏ အမိန့်ကို မနာခံ ခြင်း (စိတ်ဆိုး စိတ်နာ အောင်ပြုခြင်း ) (၅) သန့်ရှင်းစင်ကြယ် သည် အမျိုးသမီးအား ဇေနာ ပြုသည် (အိမ်ထောင်ရေး ဖောက်ပြန် သည်) ဟု စွပ်စွဲခြင်း  (၆) စစ်မျက်နှာပြင်မှ ထွက်ပြေးခြင်း (၇) အလွန် ကြီး ကျယ်၊ မြင့်မြတ်သည့် အလ္လာဟ် ဟို အရှင်မြတ် ဘက် မှ အမိန့် ပေးထားသည့် သာသနာ အတွက် အရေးကြီး အချက် များ ကို ငြင်းပယ် ခြင်းတို့ဖြစ်ပါသည်။ ပြီးနောက်

 

وَفِیْ روایةِ عبدِالرَّحمٰن بن کثیر عَنْه (ع) وَاِنْکَارُ حَقِّنَا وَفِی رَوَایَةِ اَبِیْ خَدِیْجَة عَنه (ع) قال: الْکِذْبُ عَلٰی اللّٰهِ وَعَلٰی رَسُوْلهِ وَعَلٰی الْاَوْصِیَاءِ مِنْ الْکَبَائِرِ وَفِیْ مُرْسَلَةِ الصَّدُوْقِ عُدَّمِنْهُ الْحَیْفُ فِی الْوَصِیَّةِ وَ فِیْ مُرْسَلة کَنْزِالْفَوَائِدِ عُدَّمِنْهُ اِسْتِحْلَالُ بَیْتِ الْحَرَامِ [2].

 

 

 

                အဗ်ဒိုရဟ်မန် အစ်ဗ်နေ ကစီး မှ အေမာမ် (အ.စ) ထံ မှဆင့်ပြန်လေ၏။  (၈) ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(အ.စ) ၏ ရပိုင်ခွင့်များ ကို  ငြင်းဆို ခြင်းသည် လည်း ဂိုနဟ်ကဗီရာဟ် ဖြစ်ပါသည်။ ပြီးနောက်အဗီ ခဒီဂျဟ် မှ အေမာမ် (အ.စ) ထံတော် မှ ဆင့်ပြန်လေသည်။ အေမာမ် (အ.စ) မှ မိန့် တော်မူ သည်။ အလ္လာဟ် ၊ ရစူလ် (ဆွ) နှင့်အောင်စီအေကေရာမ် (အ.စ) မှမပြော၊ မလုပ်သည်ကို ပြောသည်လုပ်သည်ဟု လိမ်ညာပြောဆို ခြင်းသည်လည်း ဂိုနဟ်ကဗီရာဟ် ဖြစ်ပါ သည်။ ပြီးနောက် ရှိက္ခ်ဆူဒူက် (ရ.ဟ)  တင်ပြန်သည့် မိုရ်စဟ် ဟဒီးစ်တော် အရ  (၁၀) သေတမ်းစာ တွင် တစ်ဦး တစ် ယောက် အပေါ် မတရားဇူးလ်မ်လုပ်ပြီး အမွေ မပေးဘဲ ထား ခြင်း သည်လည်း ဂိုနဟ်ကဗီရာဟ် ဖြစ်ပါသည်။ ပြီးနောက် ကေသာဗ်ဗိုကန်ဇိုလ် ဖဝါအေဒ် ၏ မိုရ်စဟ် ဟဒီးစ်တော် အရ (၁၁) အလ္လာဟ် ၏အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်) တွင် မငြိမ်မသက်ဆူပူအောင်ပြု ခြင်းကို လုပ်ပိုင်သည်ဟု သတ်မှတ်ခြင်းသည် လည်း ဂိုနဟ်ကဗီရာဟ် ဖြစ်ပါသည်။ (အကြောင်း မှာ အလ္လာဟ်ဟို အရှင်မြတ်သည် မိမိအိမ်တော် အား ငြိမ်းချမ်းလုံခြုံသည့်နေရာအဖြစ် ပြုလုပ်ထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

စတုတ္တ ရီဝါယသ်တော်

وَفِیْ عُیُوْنِ الْاَخْبَارِ بِاَسَایِنْدِهِ عَنِ الفَفَلِ بِن شَاذَان عَنْ الرَِّضا، فِیْما کَتَبَ الٰی الْمَاْمُوْنِ وَاجْتِنَابِ الْکَبَائِرِ وَهِیَ۔

(۱)قَتْلُ اِلنَّفْسِ الَّتیْ حَرَّمَ اللهُ تَعَالیٰ

(۲) وَالزِّنَا

(۳) وَالسَّرِقَةُ

(۴) وَ شُربُ الْخَمْرِ

(۵) وَعُقُوْقُ الْوالِدَیْنِ

(۶) وَالْفِرَارُمِنَ الزَّحْفِ

(۷) وَ اَکْلُ مَال الیَتِیمْ

(۸) وَاکْل ُالْمَیْتَةَ وَ الدَّمَ وَ لَحْمَ الْخِنْزِیْرِ وَ مَااُهِلَّ لِغَیْرِاللّٰهِ مِنْ غَیْرِ ضِرُوْرَةِِاور

( ۹) وَاَکْل الرِّبْوابَعْدَالْبَیِّنَةِ

(۱۰) وَالسُّحْتُ

(۱۱) وَاْلْمَیْسِرُ وَالْقُمَارُ

(۱۲) وَالْبَخْسُ فِی الْمِکْیالِ وَالْمِیْزَانِ

(۱۳) وْقَذْفُ الْمُحْصَنَاتِ

(۱۴) وَاللِّوَاطُ

(۱۵) وَالْیَاْسُ مِنْ رَّوْحِ

(۱۶)وَالْاَمِنُ مِنْ مَّکْرِاللّٰهِ

(۱۷)وَالْقُنُوْطُ مِنْ رَّحْمَةِاللّٰهِ

(۱۸) وَالْمَعُوْنَةُ لِلظَّالِمِیْنِ

(۱۹) وَالرّکُوْنُ اِلَیْهِمْ

(۲۰) وَالْیَمِیْنُ الغَمُوْسِ

(۲۱) وَ حَبْسُ الْحُقوْقِ مِنْ غَیْرِعُسْرِِ

(۲۲) وَالْکِذْبُ

(۲۳) وَ الْکِبْرُ

(۲۴) وَالْاِسْرَافُ

(۲۵)وَ التَّبْذِیْرُ

(۲۶) وَالْخِیَانَةُ

(۲۷)وَالْاِسْتِخْفَافُ بِالْحَجِّ

(۲۸)وَالْمُحَارَبَةُ لِاَوْلِیَائِاللّٰهِ

(۲۹) وَالْاِشْتِغَالُ بِالْمَلَا هِی

(۳۰) وَالْاِصْرَارُعَلیٰ الذُّنُوْبِ  .[3]

 

 

ကေသာဗ်ဗို အိုင်ဘိုနိုလ်အက္ခ်ဗါကျမ်းတွင် ခိုင်လုံ သည့် အ ထောက် အထား ဖြင့် ဖွာစ်လ်ဗင် ရှာ စာန် မှ အေမာမ် ရေဇာ (အ.စ)  သည် ဂိုနဟ်ကဗီ ရာဟ် များ မှ ရှောင်ကြဥ်ရန် မာမူးန် ကို ရေးသားထားသည့် စာ နှင့် ပတ်သက်ပြီး တင်ပြထားပါသည်။ အေမာမ် ‌ရေဇာ (အ.စ) စာ ၏ စာသား အကျဥ်း မှာ ဤကဲ့သို့ ဖြစ်ပါသည်။

 

(၁) အလ္လာဟ် ဟိုအရှင်မြတ် မှ သတ်ရန် ထားမြစ် ထားသည့် သူများကို သတ်ခြင်း

(၂) ပြီးနောက် ဇေနာ (တရားမဝင် လိင်ဆက်ဆံခြင်း)

(၃)ခိုးခြင်း

(၄)ပြီးနောက် အရက်သေစာ သောက်သုံးခြင်း

(၅) မိဘနှစ်ပါး ၏ အမိန့် ကို မနာခံ ခြင်း (စိတ်ဆိုး စိတ်နာ အောင်ပြုခြင်း )

(၆) စစ်မျက်နှာပြင်မှာ ထွက်ပြေးခြင်း

(၇) ဖတဆိုးများ ၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်း

(၈) မတတ်နိုင်သည့် အခြေအနေ ၊ အဓမ္မအခြေအနေ မဟုတ် ဘဲ  အသေသား ၊ သွေး ၊ ဝက်သားကို စားသောက်ခြင်း နှင့် အလ္လာဟ်နမည်တော်ကိုမတဘဲ လည်လှီးထားသည့် အသား ကို စားသုံးခြင်းသည် ဂိုနဟ်ကဗီရာဟ် ဖြစ်ပါသည်။

(၉)ထင်ရှား၊ပြတ်သားပြီးနောက်လည်း အတိုးစားခြင်း

(၁၀) မတရားရသည့် ဥစ္စာ ပစ္စည်းကို စားသုံးခြင်း

(၁၁) ပြီးနောက် လောင်းကစား ခြင်း

(၁၂) ပြီးနောက် အလေးချိန်လျော့ချိန်ခြင်း (အလေးခိုးခြင်း)

(၁၃) သန့်ရှင်းစင်ကြယ်သည် အမျိုးသမီးအား ဇေနာ ပြု သည်(အိမ်ထောင်ရေး ဖောက်ပြန်သည်) ဟုစွပ်စွဲခြင်း

(၁၄) ပြီးနောက် ယောက်ကျားခြင်းလိင်တူဆက်ဆံခြင်း

(၁၅) ပြီးနောက်  အလ္လာဟ်ဟို အရှင်မြတ်၏ ရဲဟ်မသ်တော် (ဂရုဏာတော် ) မှ မျှော်လင့်ချက်ကင်းသွားခြင်း

(၁၆) အလ္လာဟ်ဟို အရှင်မြတ်၏ ကဟဲရ် (ခ)ရုတ်တရက် လက်စားချေတော်မှူခြင်း နှင့် အမျက်ထွက်ခြင်း) ကို မကြောက်ခြင်း

(၁၇) အလ္လာဟ် နှင့် ၎င်းရဲဟ်မသ်တော် နှင့်ပတ်သက်ပြီး မကောင်း မြင်ခြင်း

(၁၈) ဇွာလင်မ် (ရက်စက်ယုတ်မာ၊ ညှဥ်းပန်းသူများ၊ သတ်ဖြတ် သူများ ကို ) ကူညီဖေးမခြင်း

(၁၉) ဇွာလင်မ် (ရက်စက်ယုတ်မာ၊ ညှဥ်းပန်းသူများ၊ သတ်ဖြတ် သူများ နှင့် ) ပေါင်းသင်းခြင်း

(၂၀) လိမ်ညာပြီး ကျိန်ဆို ခြင်း

(၂၁) ပြီးနောက် အခက်အခဲ  ၊ အကြပ်အတည်း မရှိဘဲ သူတစ်ပါး၏ ရပိုင်ခွင့် ကို တားခြင်း

(၂၂) လိမ်‌ပြောခြင်း

(၂၃) ပြီးနောက် မာန်မာန ထား ရှိခြင်း

(၂၄) အတိုင်းထက်အလွန် သုံးစွဲ ခြင်း

(၂၅) အလ္လာဟ်ဟို အရှင်မြတ် အမိန့် ကို မနာခံသည့်နေရာတွင် ဥစ္စာ ပစ္စည်း ကို သုံးခြင်း

(၂၆) ပြီးနောက် ကောက်ကျစ်၊ လှည့်ဖျား ခြင်း

(၂၇) ပြီးနောက် အလ္လာဟ် အိမ်တော်သို့ သွားရောက်၍ ဟဂျ်ပြဒရမည့် ကို အလေး မပေး၊ အလေးမထား ခြင်း

(၂၈) အလ္လာဟ် ၏ အချစ်တော်များ နှင့် ရန်ဖြစ်ခြင်း

(၂၉)  အပျော်အပါး တွင်နေခြင်း

(၃၀) ဂိုနဟ်များကို အကြိမ်ကြိမ် ကျူးလွန်ခြင်း တို့ဖြစ်ပါ သည်။ 

 

အင်န်ရှာအလ္လာဟ် ဤရီဝါယသ်တော်များ ၏ ဘာသာ ပြန်ဆိုချက်နှင့် အကျယ်ဖွင့်ဆို ရှင်းလင်း ချက်များကို အခြား ဂိုနဟ်ကဗီရာဟ် ဆိုင်ရာ ရီဝါယသ်တော်များ တွင် ဖော်ပြပါမည်။

 

မေးခွန်း အတွက် အဖြေ

 

                ဂိုနဟ်ကဗီရာဟ် ခေါင်းစဥ် နှင့် ပတ်သက်ပြီး အချို့ သူများ မှ စောဒကတက် ထားပါသည်။ ထိုစောဒက မှာ -

 

၁။ ဤမျှ အရေးကြီးသည့် ခေါင်းစဥ် ကို ကျမ်းတော်မြတ် တွင် အကျယ်တဝင့် အဘယ်ကြောင့် မဖော်ြပထား ရပါ သနည်း ? ၎င်း ၏ အရေအတွက် ကို အဘယ်ကြောင့် မသတ် မှတ်ထားရပါသနည်း ?

၂။ ဟဒီးစ်တော်များ တွင် အဘယ်ကြောင့် ကွာြခားမှု ရှိနေ ရပါသနည်း ? အချို့ ရီဝါယသ်တော်တွင် ဂိုနဟ်ကဗီရာဟ် ၏ အရေအတွက် မှာ ၅ ခု အချို့  တွင် ၇ ခု အချို့ တွင် ၉ခု ၊၂၁ခု၊ ၃၀ခု တင်ပြထားပါသည်။ အစ်ဗ်နေအဘာစ် ဆင့်ပြန်ထား သည့် ရီဝါယသ်တော်များ အရဆိုလျင် ‌ယေဘုယျ အား ဖြင့် ၇၀၇ ခု အထိ  ဂိုနဟ်ကဗီရာဟ် ကို ဖော်ပြထားပါသည်။ ယခု ကျနော် အနေဖြင့် မေးခွန်း ၂ခု စလုံး အတွက် အဖြေပေး မည်ဖြစ်ပါသည်။

 

ပထမစောဒက ၏ အဖြေ

 

 (၁) ဥာဏ်အ‌မြာ်အမြင်အများအပြား

 

                ကျမ်းတော်မြတ်ကုရ်အာန် တွင် ဂိုနဟ်ကဗီရာဟ် ၏ အရေအတွက်ကို မဖော်ပြခြင်း သည်တစ်နည်းအားဖြင့် အလ္လာဟ် ဟို အရှင်မြတ်မှ မိမိ၏ ကျေးကျွန် များ အပေါာ ကြီးမား ကျေးဇူးပြုမှု ၊ ဂရုဏာ ပြုမှု ဖြစ်ပြီး ၎င်းလုပ်ရပ်တွင်  အလွန်ပညာ  အမြော်အမြင်ဖုံးကွယ်နေပါသည်။ အရေ အ တွက်ဖော်ပြသည်ဘဲ ထားပါအုန်း လူထု အနေဖြင့် ‌ဖော်ပြ ထားသည့် အရေအတွက်လောက်သာ ရှောင်ကြဥ်ကြ ပေမည်။ ၎အပြင် မသိနားမလည်မှု နှင့် စိတ်အလိုပ် တပ်မက် မှု ကြောင့် အခြား ဂိုနဟ်များကို ကျူးလွန် ရန် သတ္တိရှိကြမည် ဖြစ်ပါသည်။ ပြီးနောက် မသိနားမလည်မှုဖြင့် အရေအတွက် ဖော်ပြထားသည့်ဂိုနဟ်များ မှအပ  အခြားဂိုနဟ်များ ကို ကျူးလွန်လျင် မည်သည့် အရှုံး မှ မရှိဟု တွေးကြပေမည်။ ဤကဲ့သို့ဖြင့် မကောင်းမှုတိုင်း နှင့် ဂိုနဟ် ကို ကျူးလွန်ဖြင့် သတ္တိရှိ၊ ရဲရင့်လာမည်ဖြစ်ပြီး ဒုစရိုက်မှန်သမျှကို ကျူးလွန် လာမည်ဖြစ်ပါသည်။

 

                သတိပြုရမည်မှာ -မိမိ၏ ဂရုဏာတော်ရှင် အလ္လာဟ် ဟို အရှင်မြတ် ၏ နယ်နိမိတ်တွင် ရဲရင်မှုကို ပြသသူ သည့် အလွန် မကောင်းသည့်  ကျေးကျွန် ဖြစ်ပေသည်။ ပြီးနောက် ရှောင်ကြဥ်ဖို့ အမိန့်ပေးထားသည့် အလုပ်များ ကို မလိုက် နာမည် တစ်နည်းအားဖြင့် ဤရဲရင့် မှု နှင့် အရှက်မဲ့မှု သည် ဂိုနဟ်ကဗီရာဟ် ဘက်သို့   ခြေ လှမ်းများ လှမ်းဖို့ သတ္တိ ကို ဖြစ်ပေါ်စေပါသည်။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် သည် မိမိ၏ ကျေးကျွန်များကို ဂိုနဟ် စဂီရာဟ် (ခ) သေးငယ်သည့် အပြစ် ကို မကျူးလွန် ဖို့ တားမြစ် ထားပါ သည်။ အကယ်၍ ဂိုနဟ်ငယ်များ ကို ဂရုမပြု၊ အလေး မထား ဘဲ ကျူးလွန် လာမည်ဆိုလျင် တဖြည်းဖြည်းနှင့် ဂိုနဟ် ကဗီရာဟ် ကို ကျူးလွန်ဖို့ အတင့် ရဲလာမည် ဖြစ်ပါ သည်။

 

 

ဂိုနဟ်ငယ်များကို အကြိမ်ကြိမ် ၊ထပ်ခါထပ်ခါ  ကျူး လွန် ခြင်း သည်လည်း ဂိုနဟ်ကြီးကို ဖြစ်စေပါသည်။

 

                ဤကိစ္စနှင့်ပတ်သက်ပြီးတင်ပြရမည်ဆိုလျင်ဂိုနဟ်စဂီရာဟ် (ခ) အပြစ်အသေးအမွှားများ ကို အကြိမ်ကြိမ် အခါခါ ကျူးလွန် ခြင်း သည် ဂိုနဟ် ကဗီရာဟ် (ခ)ကြီးမား လေးလံသည့် အပြစ်များ   ကို ဖြစ်စေ သည့် အကြောင်း ခံ ဖြစ်ပါသည်။ အကြောင်း မှာ အကြိမ်ကြိမ်အခါခါ ၊ထပ်ခါ ထပ်ခါ ဂိုနဟ်အသေးအမွှားများ ကို ကျူးလွန် ခြင်းဖြင့် ဂိုနဟ်ကဗီရာဟ် ၏ အမိန့် ကျမည်ဆိုသည်မှာ သေချာနေ သည့် အတွက်ကြောင့် ဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ် ကျနော် အနေဖြင့် ဂိုနဟ်စဂီရာဟ်ကို ထပ်ခါထပ်ခါ ပြုခြင်းဆိုသည့် အခန်းတွင် အသေးစိတ် တင်ပြမည်ဖြစ်ပါ သည်။

                ထိုကြောင့်ဂိုနဟ်ကဗီရာဟ် ၏ အရေအတွက် ကို မဖော်ြပရခြင်း တွင်သာလျင် အလ္လာဟ်ဟို အရှင်မြတ် ပညာ ဥာဏ်ပညာ နှင့် ဂရုဏာတော်သည် ဖုံးကွယ်လျက်ရှိပါသည်။ ဤသို့ဖြစ် အရှင်မြတ်၏ ကျေးကျွန်များ သည် အခြား ဂိုနဟ် များ ကို ရှောင်ကြဥ် ရန်ဖြစ်ပါသည်။ ပြီးနောက် ဂိုနဟ် ကဗီရာဟ် မကျူးလွန် ရန် ဖြစ်ပါသည်။ ဤကိစ္စ နှင့်ပတ်သက်သည့် ကွင်းဆက်တစ်ခု မှာ  ဂိုနဟ်သေးများကို နည်းသည်ဟု သတ်မှတ်ခြင်းသည် ဂိုနဟ်ကဗီရာဟ် ကို ဖြစ်စေသည့် အကြောင်းခံဖြစ်ပါသည်။ ဤ အကြောင်းကို နောက်ပိုင်းတွင် မီးမောင်းထိုးပြမည် ဖြစ်ပါသည်။

 

မကောင်းမှုပြုလုပ်ခြင်းသည်ဆဝါးဗ် ရခြင်း ကို ပျက်စီးစေ သည့် အကြောင်းခံ ဖြစ်ပါသည်။

                (ဤသည်လည်း ပထမစောဒက အတွက် အဖြေ ဖြစ်ဣိုင်ပါသည်။ ) ဂိုနဟ်စဂီးရာဟ် ၏ မကောင်းမှုများကို ကျူးလွန် ခြင်းဖြင့်  ဂိုနဟ် စဂီးရာဟ် ကို ရှောင်ကြဥ် ခြင်းကြောင့် ရမည့် ဆဝါးဗ် အများအပြား  ဖျက်စီးခြင်းကို ခံရပါ သည်။ အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့်  မပြုလုပ်ဖို့ မိန့်သည့် အလုပ်တိုင်း တွင် လောကီ လောကုတ္တရာ ၏ ပျက်စီးရမှု တစ်ခု မဟုတ် တစ်ခု ရှိနေသည့် အတွက်ကြောင့် ဖြစ်ပါသည်။  ဤအတွက်ကြောင့် မည်သည့် ကျေးကျွန် (ခ)ဗဒ္ဒဟ် မဆို  အပြစ်ကြီးများ ကို ဝေး‌‌ဝေး နေ ခြင်း၏ ဗရ်ကသ် (ခ) မင်္ဂလာကြောင့် ၎င်း ကျူးလွန် ခဲ့သည့် အပြစ်ငယ်များ ကို ခွင့်လွတ်ပေးခြင်း ရရှိမည် ဖြစ်ပါသည်။ သို့သော် ဂိုနဟ် (ခ) အပြစ် ကျူးလွန်သလောက် ကျုးလွန် သူ၏  နှလုံးသား သည်လည်း မည်းညစ် သွားပေ သည်။ ဒါပေမဲ့ ဂိုနဟ်ကဗီရာဟ် ကို ရှောင်ကြဥ် သည့် စွမ်း အား ကြောင့် အစားထိုးမှုကို ဖြစ်စေမည် ဖြစ်ပါသည်။ ထိုပြင် အလ္လာဟ် ဟိုအရှင်မြတ် နှစ်သက်မြတ်နိုး မှု အတွက် အပြစ်ကို ရှောင်ကြဥ် သည့်အခါ ဆဝါးဗ် ရထိုက် သူ ဖြစ် လာပေသည်။

                ဤတင်ပြမှုဖြင့် သိရှိရသည်မှာဂိုနဟ်စဒဂီရာဟ် (ခ) အပြစ် ငယ်များ ၊ အပြစ် အသေးအမွှား ကို ကျူးလွန် ခြင်း ဖြင့် ဤအပြစ်၏ မကောင်းမှုများကြောင့် လောကီ ၊ လောကုတ္တရာ ၏ ဆုံးရှုံးမှုများ နှင့် မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်ပါ သည်။ ပြီးနောက် အပြစ် ရှောင် ခြင်း ၏ဆဝါးဗ် လည်း ဖျက်စီးခံရမည် ဖြစ်ပါသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ဤအချက်ကို ထောက်ပြီး မအ်စူမ် (အ.စ) မိန့်ထားပါသည်။

 

هَبْ غَفَرَ اللّٰهُ ذُنُوْبَ الْمُسِیْئِیْنَ فَقَدْ فَاتَهُمْ ثوابَ الْمُحْسِنِیْن .

 

အဓိပ္ပာဟ် ။ ။ အလ္လာဟ် ဟိုအရှင်မြတ်သခင် အပြစ်သမား များ ၏ အပြစ်များ ကို ခွင့်လွတ် တော်မူပါ။ မုချဧကန် ဤပုဂ္ဂိုလ်များ ၏ ကောင်းမှုကုသိုလ်များ ၏ ဆဝါးဗ်သည် ဖျက်စီးသွား ပေမည်။ (တစ်နည်း အား ဖြင့် ဂိုနဟ်ရှောင်ကြဥ် ခြင်း ၏ ဆဝါးဗ်ကို ရရှိမည်မဟုတ်ချေ။ )

 

(၁) အဲဟ်လေ့ဘိုက် (အ.စ)ဘက်သို့ မလွဲမသွေ   လှည့်ရ ပေ မည်

 

ဤခေါင်းစဥ်သည်လည်းပဲ အခြား ခေါင်းစဥ် အများအပြား ပမာ ကျမ်းတော်မြတ် ကုရ်အာန် တွင် အကျဥ်းချုံး ဖော်ပြထားပါသည်။ သို့သော် ၎င်း အနက်အဓိပ္ပာဟ် နှင့် ရှင်းလင်းချက် များသည်  ပညာ၊ အမြော်အမြင် နှင့် အလ္လာဟ်၏ ဝဟီ တော်များ၏ ရတနာသိုက် ရှိသည့် နှလုံးသား ကို ပိုင်ဆိုင်ထားသည့် မဟာတမန် မြတ်ကြီး (ဆွ) နှင့် အအေမဟ်အသွာဟာရ် (အ.စ) ရရှိသိရှိထားပြီး ဖြစ်ပါ သည်။

ဗဒ္ဒဟ် (ခ) ကျေးကျွန် များ ကို ၎င်းတို့ဘက် လှည့်ရန် အမိန့် ပေးထား ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ်ဟို အရှင် မြတ် ကိုယ်တိုင် ကျမ်းတော်မြတ် ကုရ်အာန် တွင် မိန့်တော်မူ ထားပါသည်။

 

 

وَاَنْزَلْنَا اِلَیْکَ الذِّکَر لِتُبَیِّنَ لِلنَّاسِ مَاُنزِّلَ اِلَیْهِمْ وَلَعَلَّهُمْ یَتَّفَکَّرُوْنَ.[4]

 

အဓိပ္ပာဟ် ။ ။ ဇေက်ရ် ဖြစ်သည့် ကျမ်းတော်မြတ်ကုရ်အာန်  အား အသင်ထံချပေးတောမူခဲ့ပါသည်။ ထိုမှသာ လူသား များ အတွက် ချပေးထားသည့် အဲဟ်ကာမ် (ခ) ရှရီအီ စည်းမျည်း စည်းကမ်းများ (ခ) ပညတ်တော်များ ကို ရှင်းလင်းစွာ ပြောြပရန် ဖြစ်ပါသည်။ (ဤသို့ ရှင်းလင်းစွာ ပြောပြခြင်းဖြင့်) ထိုသူများသည်ကိုယ်တိုင် ဆင်ခြင် စဥ်းစား နိုင်ရန် ဖြစ်ပါ သည်။

                ပြီးနောက်ထိုနည်းတူစွာ အဲဟ်လေ့ဘိုက် (အ.စ) ဘက်သို့ မလွဲမသွေ လှည့် ရန် ကျမ်းတော်မြတ် ကုရ်အာန် တွင် မိန့်ကြားထားပါသည်။ 

 

فَاسْئَلُوْا اَهْلَ الذِّکرِ اِنْ کُنْتُم لَا تَعْلَمُوْنْ    [5].

 

အဓိပ္ပာဟ် ။ ။အကယ်၍ အသင်တို့ မသိကြရလျင် အဲဟ်လေ့ ဇေက်ရ် ထံ မေးမြန်းကြပါလေ။

 

အဘယ်ကြောင့် အဲဟ်လေ့ဘိုက် (အ.စ) သည် အဲဟ်လေ့

ဇေက်ရ် ဖြစ်ပါသနည်း ?

               

အဲဟ်လေ့ ဇေက်ရ် ဆိုသည်မှာ အဲဟ်လေ့ဘိုက် (အ.စ) ဖြစ်ကြောင်း ဟဒီးစ်တော် အများ အပြား ကျနော် တို့ဆီ မှာ ရှိပါသည်။ ဤဟဒီးစ်တော်များ မှ တစ်ခု မှာ ဤသို့ ဖြစ် ပါသည်။ မာမူန်၏ ထိုင်ဝိုင်း တွင် အေမာမ် ရေဇာ (အ.စ) မှ မိန့်တောမူသည်။  ကျွန်ုပ်တို့ (အဲဟ်လေ့ဘိုက်(အ.စ) ) သည် အဲဟ်လေ့ ဇေက်ရ် ဖြစ်ပါသည်။ အိုလမာ‌ယေအာမ်မေ (စွန်နီအိုလမာ) ထို ထိုင်ဝိုင်းတွင် ရှိနေပေသည်။ ၎င်းတို့ မှ ပြောကြပါသည် - အဲဟ်လေ့ ဇေက်ရ် ဆို သည်မှာ ရဟူဒီများ နှင့်ခရစ်ယာန်များ ဖြစ်ပါသည်။ ပြီးနောက် ဇေက်ရ် ဆိုသည်မှာ သောင်းရာသ် ကျမ်း နှင့်အင်ဂျီးလ် ဖြစ်သည် ဟုဆိုကြ လေ၏။ အေမာမ် (အ.စ)မှ မင်းတို့အား အဖြေပေး မိန့်လေ၏။ 

 

سُبْحانَ اللّٰهِ هَلْ یَجُوْزُ ذٰلِکَ اِذایَدعُوْنَا اِلٰی دِیْنهِمْ وَیَقُوْلونَ اِنَّها اَفْضَلُ مِنْ دِیْنِ الْاِسْلَامِ (عیون اخبار الرضا(ع))

အဓိပ္ပာဟ် ။ ။ ဆိုဗ်ဟနာလ္လာဟ်...  ဤသည် မည်ကဲ့သို့ ဖြစ်နိုင် ပါသနည်း ? အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မွတ်စလင်မ် များ အား ရဟူဒီများ (ခ) ဂျူးများ နှင့် ခရစ်ယာန် အိုလမာ ဘက်သို့ လှည့်ရန် (မေးရန်)  မည်ကဲ့သို့ ခွင့်ပြုထားပါသနည်း? သို့ပေမဲ့ အကယ်၍ တစ်ဦးတစ်ယောက် မှ လှည့်မည်(ခ) မေးမည်ဆိုလျင် ၎င်းတို့အိုလမာ မှ ငါတို့ဘာသာသာသနာ သည် အမှန်  ဖြစ်ပြီး အစ္စလာမ်သာသနာထက် ပိုကောင်း သည် ဟု ဆိုကြပေမည်။၎င်းတို့သည် ကျွန်ုပ်တို၌အား မိမိတို့ဘက် လှည့်ကြရန် ဖိတ်ခေါ်ကြပေမည်။  (ထိုဖိတ်ခေါ် ချက် ကိုလက်ခံကြမည်လော ? )

                ပြီးနောက် မာမူန် မှ အေမာမ် (အ.စ) လျောက်လေ ၏။ လူကြီးမင်း အနေဖြင့် မိမိ၏ တင်ပြချက်မှန်ကန်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် မှ သက်သေပေးလို့ရပါသလား?  အေမာမ် (အ.စ) မှာ အဖြေပေးမိန့်လေ၏။ ရှိပါသည်။

 

فَقَالَ نَعَمْ اَلذِّکْرُ رَسُوْلُ اللّٰهِ (ص) وَنَحْنُ اَهْلُه وَذٰلِکَ بَیْنٌ فِیْ کِتابِ اللّٰهِ تَعَالٰی حَیْثُ یَقُوْلُ فِیْ سُوْرَةٍ الطَّلَاقِ (  الَّذِیْنَ آمَنُوْا قَدْ اَنْزَلَ اللّٰهُ اِلَیْکُمْ ذِکْراً رَّسُوْلاً یَّتْلُوا عَلَیْکُمْ آیاتِ اللّٰهِ مُبَبِّنَات  ) . (سورہ طلاق آیه ۱۰،۱۱)

 

အဓိပ္ပာဟ်။ ။ ဇေက်ရ်ဆိုသည်မှာ ရစူလ်လွလ္လာဟ်  (ဆွ) ဖြစ် ပြီး ကျွန်ုပ်တို့မှာ ကိုယ်တော်မြတ်(ဆွ) ၏အဲ့ဟ်ဖြစ်ပါသည်။ ဤခေါင်းစဥ် နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန် ၏ ဤ အာယသ်တော်သည် ကျွန်ုပ်၏ သက်သေ အထောက် အထား ဖြစ်ပါသည်။ စူရဟ်သွာလက္ခ် ၏အာယသ်တော် ၁၀ နှင့် ၁၁ အဓိပ္ပာဟ် ။ ။ အကြင်သူများသည် အီမာန် သက်ဝင်ယုံ ကြည်ကြပါသည်။ အလ္လာဟ် ဟို အရှင်မြတ် မှ ၎င်းဘက်သို့ ဇေက်ရ် ကို ချပေးခဲ့ပါသည်၊ ထိုဇေက်ရ်သည် ရစူလ်ဖြစ်ပြီး အသင်တို့၏ အရှေ့ တွင် ငါအရှင်မြတ် ၏ရှင်းလင်းသည် အာယသ်တော်များ ကိုသေလာဝသ် ပြုပေသည်။

                အိုလမာ‌ယေအာမ်မေ (စွန်နီအိုလမာ)မှတစ် ယောက်  သည် ရှဲဟ်ရေစ်သာနီ ဖြစ်ပါသည်။ ၎င်းမှ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) နှင့် အမီးရိုလ်မိုအ်မေနီ (အ.စ) ထံ မှဆင့်ပြန် လေ ၏။ ၎င်း အေမာမ် ၂ပါး မှ မိန့်လေ၏ ။ ကျွန်ုပ်တို့ သည် အဲဟ်လေ့ဇေက်ရ် ဖြစ်ကြပါသည်။ ပြီးနောက် အခြား ရီဝါ ယသ် တော်များတွင်လာရှိသည်မှာ - အလ္လာဟ် ဟို အရှင် မြတ် သည်အရေးကြီး အကြောင်းအရာ အချို့ ကို အကျဥ်း ချုံး ဖော်ပြထားပါသည်။၎င်း ၏ ရှင်းလင်းချက်နှင့် အကျယ် ဖွင့်ဆို ချက် ဖြင့် သိရှိရသည်မှာ  အလ္လာဟ်ဟို အရှင်မြတ် သည် မိမိ ၏ ကျေးကျွန်များ ကို အဲဟ်လေ့ဘိုက်  (အ.စ) ဘက် သို့ လှည့်ရန် အမိန့်ပေးထားပါသည်။ မိမိကိုယ်ကို  ငါသည် အဲဟ် လေ့ဘိုက် (အ.စ) နှင့် ကင်းနိုင်သည်ဟု မယူဆ ဘဲ ငါသည် အချိန်တိုင်း အာလေ့မိုဟမ္မဒ် (အ.စ) ၏ ပညာရပ် များ နှင့်မကင်းနိုင်သူဟုယူဆရပေမည်။ ၎င်းတို့ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။ စစ်မှန်သည်ကံကောင်းမှု ပျော်ရွှင်မှု ကို ဖြစ်စေသည့် ဝေလာဝသ် အဲဟ်လေ့ဘိုက် (အ.စ) အား ဆွတ်ခူးရမည် ဖြစ်ပါသည်။

 

ဒုတိယ စောဒက ၏ အဖြေ

 

ဖော်ပြပါ ရီဝါယသ်တော်များ နှင့် ဟဒီးစ်တော်များ ဖြင့် ထင်ရှားစွာ သိရှိရသည်မှာ ကျွန်ုပ်တို့၏ အအေမဟ် သွာ ဟေရီးန်  (အ.စ) သည် မဆလဟသ်(ခ) အကျိုးအကြောင်း အရ ဂိုနဟ်ကဗီရာဟ်များ ၏ အရေအတွက် နှင့် သတ်မှတ် ချက်  တာဝန်ခံများ မဟုတ်ကြချေ။ တစ်နည်း အား ဖြင့်ဆိုရ လျင် မေးမြန်းသူများ အတွက် ဖြေဆိုချိန်တွင် ဂိုနဟ် ကဗီရာဟ် များကို အကျယ်တဝင့် ရှင်းပြခြင်းကို မလို လားခြင်း ဖြစ်ပါသည်။  ဤအတွက်ကြောင့် ‌ယေဘုယျ အား ဖြင့် တင်ပြဖို့ အမြော်အမြင် နှင့် လျှို့ ဝှက် ကိုတင်ပြခြင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် တစ်ခါတစ်ရံ အတိုချုပ်ဖြစ် ပေမဲ့  ပြည့်စုံသည့် ဝါကျများဖြင့် ဂိုနဟ်ကဗီရာဟ်၏ အ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      ဓိပ္ပာဟ် ဖွင့် ဆိုချက် ကို မိန့်ကြားခြင်း ဖြစ်ပါသည်။သာဓက အားဖြင့် စဟီးဟဟ်ဟစ်လီတွင် တွင် ရီဝါယသ်တော် လာရှိပါသည်။ အေမာမ် ဆွာဒစ်က် (အ.စ) မှမိန့်တော်မူ၏။

 

الکَبَائِرُ کُلُّ مَااَوْعَدَاللّٰهُ عَلَیْهِ النّار. [6]

 

               

အဓိပ္ပာယ်။ ။ ဂိုနဟ်ကဗီရာဟ်များ(ခ)ကြီးမားလေးလံသည့် အပြစ်များ ဆိုသည်မှာ (၎င်းအပြစ်များကို ကျူးလွန်သူများ အတွက် ) အလ္လာဟ်ဟိုအရှင်မြတ် မှ ငရဲမီးပြစ်ဒဏ်ကို ကတိပြုထား သည်ကိုခေါ်ဆိုပါသည် ။

 

အကြီးတကာအကြီးမားဆုံး ဂိုနဟ် ကဗီရာဟ်ရှိပါသည်။

                တစ်ခါတစ်ရံမေးမြန်းသူ ၏ ဂိုနဟ်ကဗီရာဟ် မည်မျှ ရှိ ကြောင်း ၊ အကြီးဆုံးဂိုနဟ်များ ကိုအဖြေ ပြီးမိန့်တော်မူခဲ့ ပါသည်။ သာဓက အားဖြင့် အဗီ အလ်ဆ္ာမသ် ၏ ရီဝါ ယသ်တော် ဖြစ်ပါသည်။ ပြီးနောက် အဗ်ဒိုလ္လာဟ်ဗင်စနန် မှ အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံတော် မှ ဆင့်ပြန်ထား ပါသည်။ အေမာမ် (အ.စ)မှမိန့်ကြားတော်မူသည်။ အကြီးမား တကာ အကြီးမားဆုံး ဂိုနဟ် (ခ) အပြစ်များ မှ အလ္လာဟ်ဟို အရှင်မြတ် နှင့် ရှေးရ်ခ် (ခ) ယှဥ်တွဲပြီး ခဝပ်ကိုးကွယ်ခြင်း ဖြစ်ပြီး စသည်ဖြင့်... ဖြစ်ပါသည်။[7] တစ်ခါတစ်ရံ မေးမြန်းသူ ၏ အမြင်တွင် အပြစ်ကြီးမဟုတ်တစ်နည်းအားဖြင့် ဂိုနဟ် ကဗီ ရာဟ် ဖြစ်ကြောင်းကို မသိသည့် အတွက် အဖြေပေး မိန့်လေ၏။ မိန့်မှာချက်ကို နားဆင်ရသူကိုယ်တိုင် အသေ အချာ သိနေလျင် မမိန့် မှာဘဲ ရှောင်တော်မူလေ၏။

 

ဂိုနဟ်ကဗီရာဟ် အခြားခေါင်းစဥ်ဖြင့်

 

                အအေမဟ် သွာ ဟေရီးန်  (အ.စ) သည် တစ်ခါ တစ်ရံ အချို့ ဂိုနဟ်ကဗီရာဟ်မရေတွက်ချေ။ အကြောင်း မှာ ဂိုနဟ်ကဗီရာဟ် တစ်ခု တွင် အခြား ဂိုနဟ်ကဗီရာဟ် တစ်ခု လည်း လာနိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ထိုကြောင့် အခြား ဂိုနဟ်ကို မတင်ပြခြင်း ဖြစ်ပါသည်။သာဓကအားဖြင့် အိုဗိုင်ဗင်ဇိုရာရာဟ်ရီဝါယသ်ဖြစ်ပါသည်။ဟဇရသ်အေမာမ်ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံမှ ဆင့်ပြန်ထား ခြင်းဖြစ်ပါ သည်။ အေမာမ် (အ.စ) မှမိန့်ကြားသည်မှာ - ကေသာဗ် ဗေအလီ (အ.စ) တွင် ဂိုနဟ်ကဗီရာဟ် ၇ မျိုး ကို ဖော်ပြထား ပါသည်။

 

الکُفْرُ بِاللّٰهِ وَقَتْلُ النَّفْسِ وَعُقُوْقُ الْوَالِدَیْنِ وَاَکْلُ الرِّبوا بَعْدَ البَیّنَةِ وَاَکْلُ مَالِ الْیَتِیْمِ ظُلْماً وَالْفِرَارُ مِنَ الزَّحُفِ وَالتَّعَرُّبُ بَعْدَ الْهِجْرَةِ قَالَ قُلْتُ فهٰذا اَکْبَرُ الْکَبَائِرِ قَالَ نَعْمْ قُلْتُ فَاَکْلُ دِرْهَمٍ مِّنْ مَالِ الْیَتِیْم اَکْبَرُ اَمْ تَرْکُ الصَّلوٰةِ قَالَ عَلَیْهِ السَّلَامُ تَرِکُ الصَّلوٰة، قُلْتُ فَمَا عَدَوْتَ تَرْکَ الصَّلوٰةِ فِی الْکَبَائِرِ فَقَالَ (ع) اَیُّ شَیءٍ اَوَّلَ مَا قُلْتُ لَکَ قُلْتُ الْکُفْرَ قَال (ع) فَاِنَّ تَارِکَ الصَّلوٰةِ کَافِرٌ یَعنِی مِنْ غَیْرِ عِلَّةٍ . (کتاب کافی۔ وسائل الشیعہ۔ کتاب جہاد)

 

 ၁။အလ္လာဟ်ဟိုအရှင်မြတ်တည် ရှိခြင်းကို လက်မခံခြင်း

၂။ လေးစားထိုက်သူ (မသတ်ထိုက်သူ)  ကို သတ်ခြင်း

၃။ မိဘ နှစ်စကား ကို မနာခံခြင်း ၊စိတ်ဆင်းရဲ အောင် ပြု   ခြင်း

၄။ ရှင်းရှင်းလင်းလင်း သိပြီးနောက် အတိုးစားခြင်း

၅။ မတရား ညှဥ်းပန်းနှိပ်စက်ပြီး ဖတဆိုးကလေးများ ၏ ဥစ္စာ ပစ္စည်းများကို စားသုံးခြင်း

၆။ ‌ဂျေဟာဒ် စစ်မျက်နှာ ပြင်မှ ထွက်ပြေးခြင်း

၇။ ရွေ့ပြောင်းပြီးနောက် ဂျေဟာလသ် (ခ)ပညာမဲ့ခြင်း ဘက်သို့ ပြန်လှည့်ခြင်း တို့ဖြစ်ပါသည်။

ကျွန်ုပ် အနေဖြင့် မေးမြန်းလျှောက်ထား ပါသည်။ ဤဂိုနဟ် များ သည် အလွန်ကြီးမားသည့်  အပြစ်များ စာရင်း တွင်ပါ ဝင်ပါသလား ? အေမာမ် (အ.စ) မှ မိန့်လေ၏။ မှန်ပါသည်။ (ပါပါသည်။)  ကျွန်ုပ်မှ ထပ်ပြီး မေးမြန်းပါသည်။ ဇူးလ်မ် လုပ်ပြီး မတရားလုပ်ပြီး ဖတဆိုးကလေး၏ တစ်‌ဒေရ်ဟန်မ် ကို စားသည် အပြစ်ကြီး ဖြစ်ပါသလား ? သို့မဟုတ် နမာဇ် ကို စွန့်ပယ် ခြင်း သည်ဖြစ်ပါသလား ? အဖြေ ပေးမိန့် လေ ၏။ နမာဇ်ဝတ်မပြုခြင်းသည် ပတ်သက်မှုအရ အပြစ်ကြီး ဖြစ်ပါ သည်။ ကျွန်ုပ်မှ ဆက်ပြီး မေးမြန်းလေ၏။ အေမာမ် အနေဖြင့် အဘဉ်ကြောင့် နမာဇ် စွန့်ပယ် ခြင်းကို ဂိုနဟ် ကဗီရာဟ်စာရင်း တွင် မထည့်သွင်းရပါသနည်း ? အေမာမ် (အ.စ) အဖြေပေးမိန့်လေ၏။ ကျွန်ုပ်အနေဖြင့် ပထမ မည် သည့် ဂိုနဟ်ကို ကဗီရာဟ် ဟု စာရင်း သွင်း ခဲ့ပါ သနည်း ? ကျွန်ုပ် မှလျှောက်ထားလေ၏။ အလ္လာဟ် ကို လက်မခံခြင်း  ပထမ ဖြစ်ပါသည်။ အေမာမ် (အ.စ) မိန့်တော်မူလေ၏။ နမာဇ် စွန့်ပယ်သူ သည် မည်သည့် အထောက်အထားမှ မလို ဘဲ ကာဖေရ် ဖြစ်ပါသည်။ အကြောင်းမှာ تارک الصلوٰة کفر باللہ ဆိုသည့် အပိုင်းတွင် ရောက်လာ၍ ဖြစ်ပါသည်။ ဤ အတွက် ကြောင့် အေမာမ် (အ.စ) မှ နမာဇ် စွန့်ပယ်ခြင်းကို မမိန့် ခြင်း ဖြစ်ပါသည်။

                ဤတင်ပြမှု သိရှိရသည်မှာ မအ်စူမ် (အ.စ) မှ ကျွန်ုပ် တို့ထံ ရောက်ရှိလာသည့် ဟဒီးစ်တော်များ တွင် အပြည့် အစုံအနေအထား နှင့် အကျယ်ဖွင့်ဆိုချက်နှင့် အတူ ဂိုနဟ် ကဗီရာဟ် တင်ပြထားခြင်း မရှိခြင်းဖြစ်ပါသည်။ထိုကြောင့် မည်သည့် ရီဝါယသ်တော်မှ (ကျယ်ပြန့် ပြည်စုံစွာ) ဂိုနဟ်ကဗီရာဟ် အား ပြည့်ပြည့်စုံစုံ နည်းဖြင့် အကျယ် တဝင့် ရှင်းလင်း ထားသည့် အရေအတွက် မလာရှိပေ။ ကျွန်ုပ်တို့ အနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဤဂိုနဟ် ကဗီ ရာဟ်များ မှ အပ အခြား ဂိုနဟ်ကဗီရာဟ် မရှိဟု မပြော နိုင်ပေ။

                ဤအတွက်ကြောင့် ပထမတင်ပြထားပြီးဖြစ်သည့် စဟီးဖွာဟဇရသ်  ရှဟ်ဇာဒေ အဗ်ဒိုလ်အဇီးမ် အလ်ဟစန်နီ အား သတိဂရုပြုခြင်းဖြင့် သိရသည်မှာ ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) သည်  ဂိုနဟ်ကဗီရာဟ် ၂၁မျိုးအား အမရ်ဗင် အိုဗိုင်ဒ် အား ကျမ်းတော်မြတ်ကုရ်အာန် မှ ရေတွက်၍မိန့်ခဲ့ခြင်း ဖြစ်ပါသည်။၎င်းနေဖြင့် ဤထက်ပို၍ နားထောင်နိုင်စွမ်းမရှိခဲ့ချေ။ ငိုပြီး အပြင်ကို ထွက်သွား ပေ သည်။ အကယ် ဤထက်ပိုပြီး နားထောင် နိုင်စွမ်း ရှိမည် ။ သည်းခံပြီးနားထောင်မည်ဆိုလျင် အေမာမ် (အ.စ) အနေဖြင့် ဆက်လက်ပြီး မိန့်တော် မူမည် ဖြစ်ပါသည်။ ကျနော် အနေဖြင့်  ဤစာအုပ်တွက် အပြစ်ကြီး ဖြစ်ကြောင့် အ ထောက် အထား ခိုင်လုံပြီးသေချာနေသည့် အပြစ်များကို တင်ပြရန် မဟုတ်ချေ။ တင်ပြသမျှသလျင် ဂိုနဟ်ကဗီရာဟ် ဖြစ်ကြောင်းသာ မမူတည်ချေ။ တစ်နည်းအားဖြင့် အခြား ကျန်ရှိနေသည့် ဂိုနဟ်၊ ၎င်း ဂိုနဟ် နှင့်ပတ်သက်ပြီး ကဗီရာဟ် ဖြစ်ကောင်း အထောက်အထား မခိုင်လုံ မသေချာ သည်ကို ဤစာအုပ်တွင် အကျဥ်းချုံး ရေးသား နေခြင်းဖြစ် ပါသည်။ ၎င်းဂိုနဟ်များသည် ဂိုနဟ်ငယ်ဖြစ်ကောင်းလည်း မခိုင်လုံချေ။ ဤ အတွက်ကြောင့် သက္က်ဝါးရှင်များ (ခ) သီလ ၊ သမာဓိ ရှင်များ အနေဖြင့် ရှိသမျှ သေချာမသိသေးသည် ဂိုနဟ် များ အားလုံး ကို ရှောင်ကြဥ် ရန် အရေး ကြီး လိုအပ်ပါသည်။ အကြောင်း မှာ ဤဂိုနဟ်များသည် အမှန်တကယ် ဂိုနဟ်ကဗီရာဟ်များ ဖြစ်နေနိုင်ပေသည်။ ကျွန်ုပ်အနေဖြင့် သက်သေမထူနိုင်ခြင်းဖြစ်ပေမည်။ဤနေရာ  အထိ ဂိုနဟ်ကဗီရာဟ် နိဒါန်း အား တင်ပြပြီး ဖြစ်ပါသည်ယခု ကျနော် အနေဖြင့် ဂိုနဟ် ကဗီရာဟ်  အတိအလင်း ဖြစ်သည့် ဂိုနဟ်ကဗီရာဟ် အကြောင်း နှင့်ပတ်သက်ပြီး စတင်ဆွေး‌နွေးတင်ပြမည် ဖြစ်ပါသည်။

 

 

 

..........................................................................................

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခန်း (၁)

 

ဂိုနဟ်ကဗီရာဟ် ဖြစ်  သည့်  ဂိုနဟ်များ

 

၁-  ရှေးရ်က် (ခ) အလ္လာဟ်ဟို အရှင်မြတ် နှင့် ယှဥ်တွဲ ခဝပ် ကိုးခြင်း 

 

                ပထမဆုံး ဂိုနဟ်ကဗီရာဟ် မှာ ရှေးရ်က် (ခ)  အလ္လာဟ် ဟို အရှင်မြတ် နှင့် ယှဥ်တွဲ ခဝပ် ကိုးခြင်း ဖြစ်ပါ သည်။ဤဂိုနဟ်နှင့်ပတ်သက်ပြီး ဟဇရသ် ရစူလွလ္လာဟ် (ဆွ) ၊အမီးရိုလ်မိုအ်မေနီ (အ.စ) ဟဇရသ် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ၊ ဟဇရသ် အေမာမ် ကာစင်မ် (အ.စ) ၊ ဟဇရသ် အေမာမ် ရေဇာ (အ.စ) နှင့် ဟဇရသ် အေမာမ် ဂျဝါဒ် (အ.စ) တို့ မှ ထင်ရှား ရှင်းလင်းစွာ မိန့်ကြား ထားပါ သည်။ သို့ဖြစ်ပါ၍ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်ကြားတော်မူသည်။

اَکْبَرُ الْکَبَائِر الشِرّکُ بِاللّٰهِ .(وسائل الشیعہ۔ کتاب جہاد)[8]

အဓိပ္ပာယ် - ရှိသမျှ ဂိုနဟ်များတွင် အကြီးမားဆုံးဂိုနဟ်မှာ အလ္လာဟ် ဟို အရှင်မြတ် နှင့် ယှဥ်တွဲ ခဝပ် ကိုးခြင်း ဖြစ်ပါ သည်။ ၎င်းအတွက် အထောက်အထား မှာ အလ္လာဟ် ဟို အရှင်မြတ် ကိုယ်တိုင် မိန့်ထားခြင်း ဖြစ်ပါသည်။ မိန့်တော် မူ၏။

 

اِنَّ اللّٰهَ لَا یَغْفِرُ اَنْ یُّشْرِکَ بِهِ وَ یَغْفِرُ مَادُوْنَ ذٰلِکَ لِمَنْ یَّشَآءُ. [9]

 

အဓိပ္ပာယ် - ဧကန်မုချ အလ္လာဟ်ဟိုအရှင်မြတ်သည် မိမိနှင့် ယှဥ်တွဲပြီးခဝပ်ကိုးကွယ်မှုပြုသူ (ခ)ရှေးရ်က် လုပ်သူ အား ခွင့်လွတ်တော်မူမည် မဟုတ်ချေ။ ပြီးနောက် ရှေးရ်က်မှ အပ အခြား ဂိုနဟ်များကျုးလွန်သူအား အလ္လာဟ်ဟို အရှင် အလိုရှိ လျင် ခွင့်လွတ်တော်မူမည် ဖြစ်ပါသည်။

            ဆိုလိုသည်မှာ အကယ်၍ မိုရှရေက် တစ်ဦး တစ် ယောက် သည် လောကမှ ကွယ်လွန် သွားသည့်အခါ ၎င်းအား ခွင့်လွတ် ထိုက်သူ မဟုတ်ချေ။ ရှေးက်ခ် မှ အပ အရှင်မြတ် အလိုရှိသူ အား ခွင့်လွတ်ပေး ခြင်း ခံရသူ ဖြစ်နိုင်ပေသည်။  ပြီးနောက် မိန့်တော်မူသည်။

 

اِنَّه مَنْ یُشْرِکْ بِاللّٰهِ فَقَدْ حَرَّمَ اللّٰهُ عَلَیْهِ الْجَنَّةَ وَمَاْوٰئه النَّارُ وَمَا لِلظَّالِمِیْنَ مِنْ اَنْصَارٍ[10]

အဓိပ္ပာယ် -ဧကန်မုချ အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင် မြတ် နှင့် ယှဥ်တွဲပြီးခဝပ်ကိုးကွယ်မှုပြုသူမလွဲဧကန် အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်းအတွက် ဂျန္နသ် အား တားမြစ်တော်မူပေသည်။ပြီးနောက် ၎င်း ၏နေရာသည်ကား ဂျဟန္နမ် (ခ)ငရဲဘုံ ဖြစ်ပေသည်။ ပြီးနောက် ဇွာလင်မ်များ အတွက် မည်သည့် ကူညီဖေးမသူမှ ရှိမည် မဟုတ်ချေ။


[1] وسائل الشیعه کتاب جهاد  / باب تعیین  الکبائر ص 252 حدیث 1 اصول کافی  ج 2 ص 276

[2] وسائل الشیعه کتاب جهاد ص 257 و 258 و 259    

[3] وسائل الشیعه کتاب جهاد ص 257 ، حدیث 33

[4] စူရဟ်အမှတ် ၁၆ ၊ အာယသ်တော် အမှတ် ၄၄

[5] စူရဟ် အမှတ် ၁၆ ၊ အာယသ်တော်အမှတ် ၄၃

[6] وسائل ج 11 ص 249 حدیث 2

[7] وسائل الشیعه  کتاب الجهاد ج 11 ص 254 و 258

[8] وسائل الشیعه ج 11 ص 254 / اصول کافی ج 2 ص 278

[9] စူရဟ် အမှတ် ၄ ၊ အာယသ်တော်အမှတ် ၅၂

[10] စူရဟ် အမှတ် ၅ ၊ အာယသ်တော်အမှတ် ၇၂


****************************************************************

END / 251