အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၂၀:၁၅:၁၂
1337617

သတိမမူမိသည့် နေအ်မသ် တော် ၂ ခု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် သတိမမူမိသည့် နေအ်မသ် တော် ၂ ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဗေဟာရိုလ်အန်နဝါရ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قال رسول الله صلی الله علیه وآله وسلم:

نِعمَتانِ مَكفورَتانِ : الأمنُ والعافِيَةُ .

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ငြိမ်းချမ်း၊လုံခြုံခြင်း နှင့် ကျန်းမာ ခြင်းသည် (ကံမကောင်းစွာဖြင့်) လျစ်လျဓရှုထားကြသည့်  (အလ္လာဟ်ဟိုအရှင်မြတ်၏ ) နေအ်မသ်တော် နှစ်ပါး ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ ဗေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈  ၊ စာမျက်နှာ ၁၇၀ ၊ ဟဒီးစ်တော် ၁

မှတ်ချက်  - ငြိမ်းချမ်း၊လုံခြုံခြင်း အား စစ်ဖြစ်ချိန် ၊ မင်းမဲ့စရိုက် ဖြစ်ချိန်တွင် သိကြပါတယ်။ ကျန်းမာ ခြင်းကိုလည်း နာဖျား မကျန်းမာ သည့် အချိန်ရောက် မှ သိကြပေသည်။ ကျနော်တို့အနေဖြင့် ငြိမ်းချမ်း၊လုံခြုံစွာ နေနေရချိန် များ နှင့် ကျန်းမာ စွာ နေနေရချိန်များတွင်လည်း အလ္လာဟ် အား ကျေးဇူးတင် ရှိုက်ရ် နမာဇ်များ ၊ ရှိုက်ရ်များ ဖတ်သင့် ၊ ပြုသင့်ပါသည်။

****************************************************************

END / 251