အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၂၀:၂၆:၂၆
1337621

ကုမ္ပဏီတစ်ခုနှင့် သဘောတူ စာချုပ် ၊ ချုပ်ထားပြီးနောက် ၎င်းအချိန် များ အတွင်း အခြားသူများ ၏ အလုပ် ကို လုပ်ပေးသည့် ကိစ္စ ဆိုင်ရာ ရှရီအီအမိန့်

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ ကုမ္ပဏီတစ်ခုနှင့် သဘောတူ စာချုပ် ၊ ချုပ်ထားပြီးနောက် ၎င်းအချိန် များ အတွင်းအခြားသူများ ၏ အလုပ်ကို လုပ်ပေးသည့် ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ ကုမ္ပဏီတစ်ခုနှင့် သဘောတူ စာချုပ် ၊ ချုပ်ထားပြီးနောက် ၎င်းအချိန် များ အတွက် အခြားသူများ ၏ အလုပ်ကို လုပ်ပေးသည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

ကုမ္ပဏီ ယာဥ် မောင်း သမားသည်  ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများကို သယ်ဆောင်ပါသည်။ တစ်ချိန်တည်းမှာပင် အခြားသူတစ်ဦး ၏ကုန်ပစ္စည်းများ ကို ဝန်ဆောင်ခယူပြီး ပို့ခိုင်းသည့်နေရာကို ပို့ပေးပါသည်။ သို့သော် ဤ အလုပ်ကို ကုမ္ပဏီ မှ သဘောမတူချေ။ သို့ဖြစ်ပါ၍ အခြားသူထံမှ ယူထားသည့် ဝန်ဆောင်ခ သည် ပိုင်ပါသလား ?

အဖြေ

ကုန်ပစ္စည်း တင်သည် ယာဥ်သည် ကုမ္ပဏီ ပိုင်ဖြစ်ပါက မပိုင်ချေ။ ကားသမားအနေဖြင့် ယာဥ်ကို ကျူးကျော်ပြီး(အလွဲသုံးစားလုပ်ပြီး)  အသုံးပြုခြင်းဖြင့်ရသည့် ဝန်ဆောင်ခ အား ကုမ္ပဏီ ကိုပေးရမည် ဖြစ်ပါသည်။ သို့သော် ယာဥ် သည် ကားသမား ၏ ကိုယ်ပိုင်ယာဥ် ဖြစ်ပါက ကုမ္ပဏီ နှင့်ချုပ်ဆိုထား သည့် စာချုပ်နှင့် မဆန့်ကျင် ပါက (အခြားသူထံမှ) ဝန်ဆောင်ခ ကို ယူပိုင်ခွင့် ရှိပါသည်။ (ဆိုလိုသည်မှာ ကုမ္ပဏီ မှ ပစ္စည်း ၁၀မျိုး တင်ခိုင်းသည်ကို ၈မျိုးသာတင်ပြီး ၂မျိုးကို အခြားသူပစ္စည်းတင်သည်ပုံစံမျိုး မဖြစ်ဖို့ လိုပေသည်။ )

 

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251