အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၂၀:၃၅:၅၅
1337623

သောင်ဗဟ်သည် ဂိုနဟ်များကို ဖျက်ပေးပါသည်

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် သောင်ဗဟ်သည် ဂိုနဟ်များကို ဖျက်ပေးပါသည် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အစ်ဒသွဒ်ဒါအာ  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

امام جعفر صادق علیه السلام:

ان للقلوب صداء كصداء النحاس فاجلوها بالاستغفار.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

နှလုံးသားများကို လည်း သံချေး တက်ပါသည်။ ထိုအတွက်ကြောင့် သောင်ဗဟ် ၊ အစ်သေဂ်ဖာရ် ပြုခြင်းဖြင့် ၎င်း (သံချေး) ကို တိုက်ဖျက်ပါလေ။

ကျမ်းကိုး ။ ။ အစ်ဒသွဒ်ဒါအာ ကျမ်း ၊ စာမျက်နှာ ၂၄၉

မှတ်ချက်  - ကျနော်တို့၏ နှလုံးသားများသည် ဂိုနဟ်(ခ) အပြစ်များ ပြုလိုက်တိုင်း အမဲ စက် စွန်းထင်း ပါတယ်။ ဤအတွက်ကြောင့် ဤ အမဲစက်များ ကို စစ်မှန်သည့် သောင်ဗဟ် ၊ အစ်သေဂ်ဖာရ် ပြုခြင်းဖြင့် ချေဖျက်ရမည်ဖြစ်ပါသည်။ ပြီးနောက် အတတ်နိုင်ဆုံး ဂိုနဟ်(ခ) အပြစ်များ ကို ရှောင်ကြဥ်ရပါမယ်။ ငါကို အလ္လာဟ် ခွင့်လွတ်မှာဘဲဆိုပြီး ဂိုနဟ်(ခ) အပြစ်များကို ခဏခဏလုပ်လိုက် သောင်ဗဟ် ပြန်လုပ်လိုက် ၊ စသည်ဖြင့် အလ္လာဟ် ကို ပြောင်သလို‌ ‌နှောက်သလို လုပ်သည်မျိုး မဖြစ်ဖို့လည်း သတိရှိရမည် ဖြစ်ပါတယ်။

****************************************************************

END / 251