အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media 
ဗုဒ္ဓဟူးနေ့

၁၁ ဇန်နဝါရီ ၂၀၂၃

၂၀:၀၇:၅၂
1337929

အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ပလက်စတစ်စက်ရုံ ကာတာတွင် တည်ဆောက်မည်

ဓာတ်ငွေ့ကနေ ပလက်စတစ်ထုတ်မယ့် စက်ရုံတစ်ခု တည်ဆောက်ဖို့အတွက် ကာတာနိုင်ငံဟာ Chevron Phillips Chemical ကုမ္ပဏီနဲ့ အခုတစ်ပတ်အစောပိုင်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

ဓာတ်ငွေ့ကနေ ပလက်စတစ်ထုတ်မယ့် စက်ရုံတစ်ခု တည်ဆောက်ဖို့အတွက် ကာတာနိုင်ငံဟာ Chevron Phillips Chemical ကုမ္ပဏီနဲ့ အခုတစ်ပတ်အစောပိုင်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမယ့် အဲဒီစက်ရုံဟာ သဘာ၀ဓာတ်ငွေ့ကနေ ပိုလီအီသိုင်းလင်းနဲ့ အခြား ပလက်စတစ်ပစ္စည်းတွေ ထုတ်လုပ်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး စက်ရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကာတာအစိုးရပိုင် စွမ်းအင်လုပ်ငန်း Qatar Energy က ရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ Chevron က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါ တယ်။

ကမ္ဘာတစ်၀ှမ်းက အဲဒီလို စက်ရုံတွေထက်စာရင် ဘေးထွက် အညစ်အကြေးနဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးစက်ရုံအဖြစ် မှတ်တမ်း၀င်မှာပါ။ 

ကာတာမှာ သဘာသဓာတ်ငွေ့သိုက် အများအပြား ရှိနေပြီး ပင်လယ်ကွေ့ကနေ အီရန်နယ်စပ်အထိ ရှည်လျားတဲ့ North Field ဓာတ်ငွေ့သိုက်ဟာ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက်လည်း ဖြစ်ပါတယ်။

****************************************************************
END / 251