အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ ဇန်နဝါရီ ၂၀၂၃

၁၇:၃၀:၅၁
1338658

ပြဿနာများ နှင့် စမ်းသပ်မှုများ ကို မကြောက်ရန်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ပြဿနာများ နှင့် စမ်းသပ်မှုများ ကို မကြောက်ရန် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မီဇန်နိုလ်ဟေက်မဟ်ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:

لا تَكرَهُوا الفِتنَه فِي آخِرالزَّمانِ فَاِنَّها تُبير المُنافِقين.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

နောက်ဆုံး ခေတ်ကာလ၏ ပြဿနာများ စမ်းသပ်မှုများ ကို မကြောက်ပါနှင့် ။ အကြောင်းမှာ ဤအရာများသည် မိုနာဖေက်များ (အရေခြုံများ) ပျက်စီး ရမည့် အကြောင်းခံ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ကျမ်းကိုး ။ ။ မီဇန်နိုလ်ဟေက်မဟ်ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၁၅၇၄၈

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ ၏ လုပ်ရပ်များ သည် မိုနာဖေက် များ ၏ လုပ်ရပ် မဖြစ်ဖို့ မိမိကိုယ်ကို မိုနာဖေက်များ နှင့် ဝေးဝေး နေဖို့ ကြိုးစားရပါမည်။ မိမိနှင့် မတည့် သူ အဆင်မပြေသူကို မိုနာဖေက်ဟုမခေါ်ဆိုကြောင်း ဟဒီးစ်တော်များတွင် မိုနာဖေက်များ ၏ လက္ခဏာများ လာရှိပြီး ဖြစ်ကြောင်း သိရှိထားရမည် လေ့လာထားမည် ဖြစ်ပါတယ်။

****************************************************************

END / 251