အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ ဇန်နဝါရီ ၂၀၂၃

၁၈:၀၂:၀၆
1338703

အမီရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် မိုအ်မင် ၏ လက္ခဏာ ရပ်များ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام العلی علیه السلام:

الْمُؤْمِنُ بِشْرُهُ فِي وَجْهِهِ وَ حُزْنُهُ فِي قَلْبِهِ، أَوْسَعُ شَيْءٍ صَدْراً وَ أَذَلُّ شَيْءٍ نَفْساً، يَكْرَهُ الرِّفْعَةَ وَ يَشْنَأُ السُّمْعَةَ، طَوِيلٌ غَمُّهُ، بَعِيدٌ هَمُّهُ، كَثِيرٌ صَمْتُهُ، مَشْغُولٌ وَقْتُهُ، شَكُورٌ، صَبُورٌ، مَغْمُورٌ بِفِكْرَتِهِ، ضَنِينٌ بِخَلَّتِهِ، سَهْلُ الْخَلِيقَةِ، لَيِّنُ الْعَرِيكَةِ، نَفْسُهُ أَصْلَبُ مِنَ الصَّلْدِ وَ هُوَ أَذَلُّ مِنَ الْعَبْدِ.

အမီရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ)   မိန့်တော် မူ၏။

မိုအ်မင်၏ မျက်နှာတွင် ပျော်ရွှင် မှု ဖြင့် ပြည့်နေပြီး နှလုံးသားတွင် ၊ ဝမ်းနည်း မှု ဖြစ်နေပါသည်။ ၎င်း သူရသတ္တိသည် မြင့်မား ပါသည်။ မိမိကိုယ်ကို စိတ်ထဲတွင် အရှက်ရသူ၊ သိက္ခာမရှိသူအဖြစ် နားလည်ပေသည်။ မာန ကို မနှစ်သက်ချေ။ ကျော်ကြားမှုကို မုန်းတီး လေသည်။ ၎င်း၏ ဝမ်းနည်းမှုသည် အဆုံးသတ်မှု မရှိဘဲ သူရသတ္တိသည် မြင့်မား လေသည်။ လွန်စွာ တိတ်ဆိတ် သူဖြစ်ပြီး အချိန်တိုင်း (အလ္လာဟ်အား ) ကျေးဇူးတင်ရှိသူ ၊ သည်းခံသူ ၊ ဖြစ်ပြီး  စဥ်းစားမှု နှစ်မွန်းနေသူ ဖြစ်ပါသည်။ တောင်းခံမှု တွင် တွန့်တို ပြီး အကျင့်စရိုက်ကောင်းသူ  နှင့် နူးညံ့သိမ်မွေ့ သူ ဖြစ်ပါသည်။ ပြီးနောက် ၎င်း ၏ စိတ်သည် ကျောက်ခဲထက် မာကျောပြီး မိမိကိုယ့်ကို ကျေးကျွန် ထက်ပင် ပိုမို ၍ နှိမ့်ချသူ ဖြစ်ပါ သည်။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၃၃၃

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိကိုယ့်ကို မိုအ်မင် အဖြစ်သတ်မှတ် ခံယူလျင် အထက်ပါအရည် အသွေးများ မရှိသေးလျင် ရှိအောင် ၊ ရှိနေလျင် ထိန်းထား နိုင်အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251