အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီယန်း သည် Damascus မြို့ သို့သွားရောက်ခဲ့ပြီး ဆီးရီးယားသမ္မတ ဗရှား အဆဒ် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံမှုမှာ ဆီးရီးယားသမ္မတ က ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် အီရန် သမ္မတထံ နွေးထွေးစွာ နှုတ်ခွန်းဆက်စကား ပို့သ ကြောင်း ပြောကြားခဲ့ပြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီယန်း ၏ ခရီးစဉ်ဟာ နှစ်နိုင်ငံနဲ့ ဒေသတွင်း နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆီးရီးယား သမ္မတ မှ ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံသည် ဆီးရီးယား နိုင်ငံ နှင့် အနီးကပ်ဆုံးနိုင်ငံဖြစ်ပြီး စစ်ပွဲအတွင်း ကျွန်ုပ်တို့ဘက်မှရပ်တည်ခဲ့ပြီး အီအီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ထောက်ခံအားပေးမှုကို မေ့လျော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ၎င်း မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ဆီးရီးယား နိုင်ငံ ခရီးစဥ် အတွက် အဆင်သင့် နှင့် လေးနက်သော ဆန္ဒ ကို ကြေငြာ ခဲ့ပြီး အမြင့်ဆုံး အတွက် အုတ်မြစ်ချ နိုင်ရန် ခရီးစဥ် နှင့် အောင်မြင်သည့် ခရီးစဥ် ဖြစ်ရန် ပြော ကြားခဲ့ပါတယ်။
ဆီးရီးယားနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ တိုးတက်မှုများကို ရှင်းပြပြီး အရေးကြီးပြီး မဟာဗျူဟာမြောက် နှစ်နိုင်ငံနှင့် ဒေသတွင်း ကိစ္စရပ်များတွင် အီရန်နှင့် ဆီးရီးယား နှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အရေးကြီး ကြောင်း အလေးပေး ပြီး ဆီးရီးယား သမ္မတ မှ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားသမ္မတက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ဆီးရီးယား၏မိတ်ဖက်ဖြစ်ပြီး အချင်းချင်း ပူးပေါင်း၍ ရှိခဲ့ကြောင်း နောက် နယ်ပယ်အသီးသီးတွင် အချင်းချင်းပူးပေါင်း၍ ပံ့ပိုး ကူညီသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာ အီရန်နိုင်ငံခြားရေး ဝန်ကြီးက အီရန် သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ဆီးရီးယားသမ္မတ ဗရှား အဆဒ် အား နှုတ်ခွန်းဆက်စကား ပြောကြားကြောင်း အီရန် အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ဆီးရီးယား၏ လုံခြုံရေး နှင့် တိုးတက်မှုကို မိမိတို့ နိုင်ငံ ၏ လုံခြုံရေးနှင့် တိုးတက်မှုပမာ အလေးထား ကြောင်း ဆီးရီးယားကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီယန်း နှင့် ဆီးရီးယားသမ္မတ ဗရှား အဆဒ် တို့မှာ ဆက်လက် ပြီး အရေးကြီး ကိစ္စများ အကြောင်း အရာများ ကို ဆက်လက် ဆွေးနွေးခဲ့ပ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီယန်း ဤဆီးရီးယား ခရီးစဿ် သည် (၅) ကြိမ် မြောက် ဖြစ်ပါတယ်။
****************************************************************
END / 251