အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ ဇန်နဝါရီ ၂၀၂၃

၁၉:၀၅:၂၆
1338752

အီမာန် နှင့် ဝေးစေသည့် လုပ်ရပ်

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် အီမာန် နှင့် ဝေးစေသည့် လုပ်ရပ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အလ်ကာဖီ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الباقر علیه السلام:

مَن قُسِمَ لَه الخُرقُ حُجِبَ عنه الإيمانُ.

အေမာမ် မိုဟမ္မဒ် ဘာကဲရ်  (အ.စ) မိန့်တော် မူ၏။

အကျင့် စာရိတ္တ ပျက်ပြားခြင်း၊ ကိုယ်ကျင့် တရား မကောင်းခြင်း၊ ကြမ်းတမ်းသည့် စရိုက် ရှိသူသည် အီမာန် နှင့် ဝေးရလေသည် ။

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၁

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ သည် မိမိ ကိုယ့်ကို အီမာန် ရှင် အဖြစ် ရပ်တည်လို့လျင် အကျင့် စာရိတ္တ မပျက်ပြားဖို့ မကောင်းသည့်  ကိုယ်ကျင့် တရား မရှိဖို့ ကြမ်းတမ်းသည့် စရိုက်မရှ်ဖို့ အထူး သတိပြုရပါမည်။

****************************************************************

END / 251