အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၅ ဇန်နဝါရီ ၂၀၂၃

၂၁:၁၉:၅၇
1341196

လေ့လာမှုများ မှ သိရှိရသည်မှာ -

နားကြားကိရိယာများသည် သက်ကြီးရွယ်အိုများတွင် dementia ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

လေ့လာမှုအသစ်အရ အကြားအာရုံပြဿနာရှိသော သက်ကြီးရွယ်အိုများသည် dementia ဖြစ်နိုင်ခြေပိုများ ကြောင်း တွေ့ရှိရပါတယ်။ Health Day News ၏ ကိုးကား ဖော်ပြချက်အရ နားကြား ကိရိယာများသည် ဤ အန္တရာယ်ကို လျှော့ချနိုင်သည်ဟု သုတေသီများက တွေ့ရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လေ့လာမှုအသစ်အရ အကြားအာရုံပြဿနာရှိသော သက်ကြီးရွယ်အိုများသည် dementia ဖြစ်နိုင်ခြေပိုများ ကြောင်း တွေ့ရှိရပါတယ်။ Health Day News ၏ ကိုးကား ဖော်ပြချက်အရ  နားကြား ကိရိယာများသည် ဤ အန္တရာယ်ကို လျှော့ချနိုင်သည်ဟု သုတေသီများက တွေ့ရှိခဲ့ပါတယ်။

အကြားအာရုံဆုံးရှုံးခြင်းက ဦးနှောက်ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ အထောက်အထားတွေ ရှိပါတယ် ဟု Johns Hopkins  Maryland တက္ကသိုလ်မှ လေ့လာမှု စာရေးဆရာ နီကလက်စ်ရီးဒ် က ပြောကြားခဲ့ ပါတယ်။ ဤအခြေအနေမျိုးတွင်၊ လူတစ်ဦးတွင် ဦးနှောက်သို့ သွင်းအားမရှိသောကြောင့် အချို့နေရာများတွင် သွေးကြောများ ကျဉ်းမြောင်းလာပြီး dementia ဖြစ်ပေါ်လာနိုင်ပါတယ်။

၎င်းမှ ဆက်လက်ပြီး  အကယ်၍ အမြဲမပြတ် နားထောင်ခြင်းသည် ဦးနှောက်ကို ပိုခက်ခဲစေပြီး ပင်ပန်းနွမ်း နယ်စေပြီး တွေးခေါ်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများအတွက် အခြေခံကို ဖန်တီးပေးနိုင် ကြောင်း ပြောကြားခဲ့ပါတယ်။

လေ့လာမှုများအရ အလယ်အလတ်မှ ပြင်းထန်သော အကြားအာရုံဆုံးရှုံးသူများသည် သာမန် အကြား အာရုံရှိသူများထက် အာရုံစူးစိုက်မှု ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိရသည်။ သို့သော် နားကြား ကိရိယာအသုံးပြုခြင်းသည် ဤအန္တရာယ်ကို ၃၂% လျှော့ချပေး‌ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251