အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၂၅:၄၇
1342879

မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့ အရေးယူမှုလုပ်

မြန်မာစစ်တပ် လက်နက်ရရှိအောင်၊ လေယာဥ်ဆီရရှိအောင်၊ ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

မြန်မာစစ်တပ် လက်နက်ရရှိအောင်၊ လေယာဥ်ဆီရရှိအောင်၊ ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။

စစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းနှစ်ခုနဲ့ လေတပ်က တာ၀န်ရှိသူတွေ ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါ၀င်ပါတယ်။

မြန်မာနိုင်ငံက လေယာဥ်စက်သုံးဆီလုပ်ငန်းကို လွှမ်းမိုးထားတဲ့ Asia Sun Group ကုမ္ပဏီကို ယူကေက ပစ်မှတ်ထား ပိတ်ဆို့ခဲ့ပြီး၊ ကနေဒါကလည်း မြန်မာစစ်တပ်က လေယာဥ်ဆီကို တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်ရရှိနိုင်မယ့် လမ်းကြောင်းတွေကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။

မြန်မာစစ်တပ်အပေါ် အခုထပ်လုပ်တဲ့ ပိတ်ဆို့မှုအသစ်တွေမှာ သြစတေးလျနိုင်ငံလည်း ပါ၀င်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Amnesty International က စီးပွားရေးနဲ့ လူ့အခွင့်အရးဆိုင်ရာ သုတေသနပညာရှင် မွန့်ဆီ ဖာရီက လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထားတဲ့ အခုပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။


****************************************************************
END / 251