အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ ဖေဖော်ဝါရီ ၂၀၂၃

၀၈:၄၃:၃၄
1343190

အီရန် လူမျိုးများ သည် မိမိ၏ ရန်သူများ ကို အမြဲတမ်း မျှော်လင့် ချက်ကင်းမဲ့ စေခဲ့ပါတယ် / အီရန် သမ္မတ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ အီဗရာဟီးမ် ရအီစီ မှ နယ်ပယ်အသီးသီးတွင် အီရန် လူမျိုး များ ရောက်ရှိနေခြင်းသည် အီရန် ရန်သူများကြား တွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုဖြစ်စေသည့် အကြောင်းအရင်း ဖြစ်ကြောင်း မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ အီဗရာဟီးမ် ရအီစီ မှ အရှ်ရေဖဂျ်ရ်  အခမ်းအနားဖြစ်မြောက်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များကို ကြာသပတေး နေ့က မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

မိန်းခွန်းတွင်  အီရန် လူမျိုး  ဥာဏ်ရည်ထက်မြက်မှုနှင့် ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်သောသူများ အနေဖြင့် နို၀င်ဘာလ ၄ ရက်နေ့၌ ကျင်းပသော အခမ်းအနားများတွင် ပါဝင်ခဲ့ကြပြီး ၎င်းတို့မှ အီရန် ပြည်သူ များ ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး နှင့် စနစ်ကို ခုခံကာကွယ်ရန် အမြဲအသင့်ရှိ နေသူများ ဖြစ်ကြောင်း သက်သေ ပြခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

သမ္မတမှ ဆက်လက်ပြီး အီရန်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပြဿနာ အဖြစ်အပျက်များနှင့် အီရန် ရန်သူများ ၏ ပုန်ကန်ထကြွမှု နှင့် ပတ်သက်ပြီး ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ သုံးသပ် တင်ပြမှု ကြောင့် ရန်သူများ ၏ အကြံ အစည်များ အစီအစဥ် များ ကို ဟန့်ထား ရာတွင် အလွန် ထိရောက် ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိမိအစိုးရ စွမ်းဆောင်ရည် နှင့်ပတ်သက်ပြီး အီရန်ရန်သူများ အစွမ်းကုန် ဖိအား များ ရှိနေလျက် အီရန် နိုင်ငံ သည် အဆက်မပြတ်တိုးတက်လျက်ရှိနေကြောင်း တရားမဝင် ၊ လူမဆန်သည့် စီးပွားရေး ပိတ်ဆို့မှု များ ပျက်သိမ်း နိုင်ရန် ပြုလုပ်သည့် စေ့စပ် ညှိနှိုင်း မှုများ တွင် အီရန် နိုင်ငံ မှ ဂုဏ် သိက္ခာ ရှိစွာ ဆွေး‌နွေး ခဲ့ကြောင်း ရန်သူ၏လှည့်ကွက်အတွင်း မကျအောင် ပြုထား နိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ အီဗရာဟီးမ် ရအီစီ မှ နိုင်ငံခြား ဆက်ဆံရေးနှင့် စီးပွားရေး ကဏ္ဍတွင် အစိုးရ ၏ အောင်မြင်မှုများ ကို ပြောကြား ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ နှင့် ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေး နှင့် ကုန်သွယ်မှု ဆက်ဆံရေး ကို ယခင် ကထက် ပိုမို မြှင့်တင် ခြင်းဖြင့် ပိတ်ဆို့ အရေးယူ မှုများကို တားဆီး နိုင်ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251