အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ ဖေဖော်ဝါရီ ၂၀၂၃

၀၈:၄၆:၄၅
1345170

အဗ်ဒို ဆွာလေဟ် အကြောင်း အနည်းငယ်လေ့လာ ကြပါစို့

အဗ်ဒို ဆွာလေဟ် ပတ်သက်ပြီး လေ့လာ မှတ်သားစရာ အနည်းငယ် ကို ဖော်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်ဒို ဆွာလေဟ်  ဆိုသည်မှာ သီလ ၊သမာဓိ ရှိသည့် ကျွန်ဖြစ်ပါသည်။ ကျမ်းတော်မြတ်  ကုရ်အာန် ၏ ပညာရပ်ဆိုင်ရာ အသုံး အနှုန်း  အရ  အချို့ ပုဂ္ဂိုလ်များ အတွက် သုံး ထားပါသည်။ ရှီအဟ်  နှင့် စွန်နီ ကျမ်းကိုးများ အရ အေမာမ်ကာစင်မ်  (အ.စ) ကို ခဝပ် ကိုးကွယ် မှု အများအပြားပြုလုပ်သည့် အတွက်ကြောင့်  အဗ်ဒို ဆွာလေဟ် အမည် တွင်ခဲ့ခြင်းဖြစ်ပါသည်။

ဤ စကားလုံးအား ကုရ်အာန် ကျမ်းတော်မြတ် တွင် အများကိန်းပုံစံ (အေဗါသို ကလ်ဆွာလေဟီးန် ) ဆိုပြီး အသုံးပြုထားသည် ။ကျမ်းတော်မြတ် ကုရ်အာန်တွင် ဟဇရသ်နူးဟ်(အ.စ) နှင့်ဟဇရသ် လူးသွ်( (အ.စ) တို့ နှစ်ဦး အား အလ္လာဟ်ဟို အရှင်မြတ် ၏ သီလ၊သမာဓိရှိသည့်  ကျွန် နှစ်ဦး အဖြစ် မှတ်တမ်း တင်ထားပါ သည်။ ရီဝါယသ်တော် တွင်လည်း ဟဇရသ် ဇိုလ်ကရ်နိုင်း အား အဗ်ဒို ဆွာလေဟ် ဟုဆိုသည် ဘွဲ့ ဖြင့် မှတ်တမ်းတင်ထားပါသည်။ ရှီအဟ်၊ဆွန်နီ ကျမ်းအရင်း အမြစ်များအရ  အေမာမ် ကာစင်မ် (အ.စ) သခင်အား အေဗါဒသ် (ခ) အလ္လာဟ်ဟို အရှင်မြတ်အား ခဝမ်ကိုးကွယ်ခြင်း အများ အပြား ပြုလုပ်သည့် အတွက်ကြောင့် အဗ်ဒို ဆွာလေဟ် ဟုဆိုသည် ဘွဲ့ ပိုင်ရှင် ဖြစ်ကြောင်း’ ဖော်ပြထား ပါသည်။ အေမာမ် ထံ မှဆင့်ပြန် လာသည့် ရီဝါယသ်တော်အချို့ အရ လည်း အေမာမ် အား ဤဘွဲ့ဂုဏ်ပုဒ် ဖြင့် ဖော်ပြထားပါသည်။ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ဆင့်ပြန် လာရှိ သည့် ဟဇရသ် အဘာစ်  (အ.စ) ၏ ဇေယာရသ် တွင် အဗ်ဒို ဆွာလေဟ် ဟုခေါ် ဆို ထားပါသည်။  ထိုနည်းတူစွာ  မွတ်စလင်မ်ဗင် အကီးလ်  နှင့် ဟာနီ ဗင်အိုရ်ဝဟ် တို့၏ ဇေယာရသ် တွင်လည်း ၎င်းတို့ နှစ်ဦး အား အဗ်ဒို ဆွာလေဟ် ဟု ခေါ်ဆိုပြီး စလာမ် ဆိုထားပါသည်။ ပြီးနောက် ထိုနည်းတူစွာ  နမာဇ် ဝတ်ပြုချိန် တွင် အလ္လာဟ် ဟို အရှင် မြတ် ၏ ဆွာလေဟ် ကျွန် များ အပေါ်  ဆလ်ဝသ် နှင့် စလာမ်   ပေးပို့ပါသည်။

ကျမ်းကိုးများ  

၁- စူရဟ် နမရ် ၊ အာယသ်တော် အမှတ် ၁၉

၂-စူရဟ် သဒဟ်ရီးမ် ။ အာယသ်တော်အမှတ် ၁၀

၃- မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၁၂ ၊ စာမျက်နှာ  ၁၉၉ / အယာရှီး၊ သဖ်စီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၀ ၊ အတွဲ ၂ ၊ စာမျက်နှာ  ၃၄၃

၄- ဘဂ္ဂဒတ်ဒီ ၊ သာရီးခ်ခေ ဘဂ္ဂဒတ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ၊ အတွဲ ၁၃၊ စာမျက်နှာ ၂၉ / ယအ်ကူဘီ ၊ သာရီးခ်ခိုလ်ယအ်ကူဘီ  ၊ ဒါရို ဆွာဒေရ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၁၄

 ၅- ကိုလိုင်းနီ ၊ အလ်ကာဖီး ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ၊ အတွဲ ၁ ၊ စာမျက်နှာ  ၁၇၇၊၅၃၉၊ အတွဲ၃၊ စာမျက်နှာ ၅၉ ၊ ၁၀၉ ၊ အတွဲ ၄ ၊ စာမျက်နှာ ၄၁၂၊၇၂

၆- အစ်ဗ်နေကောင်လဝိုင်ယေဟ် ၊ ကာမေလ်လွတ်ဇ်ဇေယာရာသ် ၊ အီရန်သက္ကရာဇ် ၁၃၅၆ ခုနှစ် ၊ စာမျက်နှာ ၂၅၇ / မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၉၈ ၊ စာမျက်နှာ  ၂၇၇

၇- အစ်ဗ်နေမရှ်ဟဒ်ဒီ ၊ အလ်မဇာရိုလ်ကဘီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၊စာမျက်နှာ  ၁၇၈ / မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၉၇ ၊ စာမျက်နှာ  ၄၂၈

၈- အစ်ဗ်နေမရှ်ဟဒ်ဒီ ၊ အလ်မဇာရိုလ်ကဘီးရ် ၊ ဟီဂျရီ သက္ကရာဇ် ၊စာမျက်နှာ  ၁၇၈ / မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၉၇ ၊ စာမျက်နှာ  ၄၂၈

၉ - အေမာမ်ခိုမေနီ ဝ ဒီဂယ်ရာန် ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် (မရာ ဂျေအ်) ၊ ဒဲဖ်သရ် အင်န်သေရှာရာသ်သေ အစ္စလာမ်မီ ၊ အတွဲ ၁ ၊  စာမျက်နှာ ၅၉၈

၁၀ - - ဝီကီ ရှီအဟ် အွန်လိုင်း စာမျက်နှာ

*************************************************************

END / 251