အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၇ ဖေဖော်ဝါရီ ၂၀၂၃

၂၂:၃၁:၄၉
1347146

"အက်ပလီကေးရှင်း နဗါ " နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း"ဝီကီရှီအဟ် " ၏ ဘာသာစကား အသစ် ၇ ဘာသာ အား မိတ်ဆက်ပွဲ ပြုလုပ်

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လက်ရာသစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ပညာ ရွှေမြို့တော် ကွမ်း ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လက်ရာသစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ပညာ ရွှေမြို့တော် ကွမ်း ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ ခန်းမ တွင်  ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။

ဤညီလာခံတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် မှ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရှုရာယေ အာလီ  ( ဗဟိုကောင်စီ  ) ဒုတိယဥက္ကဋ္ဌ ဟဇရသ် အာယာသွလ္လာဟ် ကုရ်ဘာန်အလီ ဒွတ်ရ်ရေနဂျဖ် အာဗါဒ် ဒီ မှ နှင်းများ ကျ၍ လမ်းခရီးအခက်အခဲ ကြောင့်  မိန့်ခွန်း မပြောနိုင်ခဲ့ပေ။

ဤညီလာခံ တွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လက်ရာသစ်များ ဖြစ်သည့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း "ဝီကီရှီအဟ် " ၏ ဘာသာစကား  အသစ် ၇ ဘာသာ အား မိတ်ဆက် ပြသခဲ့ပါတယ်။

ဤညီလာခံ အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ပညာ ရွှေမြို့တော် ကွမ်း ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ ခန်းမ တွင်  ဖေဖော်ဝါရီလ ၁၆ ရက်နေ့  ကြာသပတေး ‌ဒေသစံတော်ချိန် ၁၀နာရီခွဲ မှ ၁၂နာရီ မိနစ် ၂၀ အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။  သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ နှင့် ဖိတ်ကြား ထားသည့် ဌာနဆိုင်ရာများ ၏ ကိုယ်စားလှယ်များ ၊ ဧည့်သည် တော်များ တက်ရောက်နေရာ ယူခဲ့ ကြပါတယ်။

အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း. "ဝီကီရှီအဟ် " ၏ ဘာသာစကား  အသစ် ၇ ဘာသာ မှာ အဇာဘိုင်ဂျန် ဘာသာ ၊ ပေါ်တူကီ ဘာသာ ၊ အီတလီ ဘာသာ ၊ ဟူစာဘာသာ ၊ ပါရှတိုဘာသာ ၊ ထိုင်းဘာသာ နှင့် မြန်မာ ဘာသာ တို့ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း "ဝီကီရှီအဟ် " ၏ လိပ်စာ မှာ wikishia.net  ဖြစ်ပါတယ်။

****************************************************************

END / 251