အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၂၈ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၃၀:၅၁
1441094

အင်းစိန် ရွာမသံမဏီစက်ရုံနားတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၃ လုံးတွေ့

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် လှော်ကား-ရွာမ သံမဏီစက်ရုံအနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီခွဲက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၃ လုံးတွေ့ပြီး စစ်တပ်က ဖျက်ဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။




အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် လှော်ကား-ရွာမ သံမဏီစက်ရုံအနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီခွဲက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၃ လုံးတွေ့ပြီး စစ်တပ်က ဖျက်ဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲက လှော်ကား-ရွာမ သံမဏီစက်ရုံကို သွယ်တန်းထားသော လျှစ်စစ်တာဝါတိုင်အနီးမှ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၃ လုံးကိုတွေ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးက အကြောင်းကြားခဲ့တာလို့ ဒေသခံတဦးက  ပြောပါတယ်။

"လုံခြုံရေးတွေက တွေ့လို့ အုပ်ချုပ်ရေးကိုအကြောင်းကြားတာ၊ စစ်တပ်နဲ့ရဲတွေပါ လိုက်လာတာ။ ဗုံးက မပေါက်သေးဘူး၊ စစ်တပ်က အကာအရံတွေလုပ်ပြီး ဖျက်ဆီးလိုက်တယ်။"

မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၃ လုံးတွေ့ရှိပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အောင်ဆန်းရပ်ကွက်အတွင်းရှိ လမ်းအချို့ကို စစ်ဆေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"အောင်ဆန်းရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ်က အုပ်ချုပ်ရေးမှူး လင်မယားပစ်ခံထားရတော့ စောင့်ကြည့်ရပ်ကွက်ထဲမှာ ပါတယ်၊ အာ့ကြောင့် မသင်္ကာတဲ့နေရာတွေ လိုက်စစ်တာ။"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၆ ရက် ည ၈ နာရီက အောင်ဆန်းရပ်ကွက် ဗုဒ္ဓသာသနာပြုကျောင်းလမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ဇနီး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးကာ အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ဇ ရပ်ကွက်နဲ့ တောင်ဒဂုံမြို့နယ် ၆၄ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေလည်း တွေ့ရှိခဲ့ပါတယ်။