အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၇ ဇွန် ၂၀၂၄

၂၀:၂၇:၃၅
1464025

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စတီးလ်(သံမဏိ) ဓား ဖြင့် ကုရ်ဘာနီ ပြုခြင်းနှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စတီးလ်(သံမဏိ) ဓား ဖြင့် ကုရ်ဘာနီ ပြုခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

စတီးလ် (သံမဏိ) ဓား ဖြင့် ကုရ်ဘာနီ ပြုလို့ ရပါသလား?

အဖြေ

သံနှင့် ပြုလုပ်ထားသည့် ဓား နှင့် ကုရ်ဘာနီ ပြုရမည် ဖြစ်ပါတယ်။ အဲဟ်သေယာသွ်သေ ဝါဂျစ်ဗ် အရ စတီးလ် (သံမဏိ) ဓား ဖြင့်မလုပ်ရမည် ဖြစ်ပါတယ်။

အကြံပြုချက် - အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခူဝီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စအီးဒ်ဒိုလ်ဟကီးမ် (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှိုဘိုင်းရီ ဇန်ဂျာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ တို့ ၏ အမြင် အရ စတီးလ် (သံမဏိ) ဓား ဖြင့် ကုရ်ဘာနီ ပြုပိုင်ပါတယ်။ ဤ အတွက်ကြောင့် အထူးသတိပြုသင့်ပါတယ်။ မိမိ နောက်လိုက်သည့် မရ်ဂျာ အရ ကုရ်ဘာနီ အား ပြုနိုင်အောင် ပြုရမည် ဖြစ်ပြီး ၊ အထူးသတိပြုရမည် အသေးစိတ် အချက် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251