အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဇွန် ၂၀၂၄

၁၇:၀၂:၃၉
1464428

နှစ်စဉ် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် သို့ လာရောက် ဇေယာရသ် ပြုသူ အိန္ဒိယ နိုင်ငံသူ၊ သား ရှီအဟ် တစ်သိန်းခွဲ ကျော် ရှိ

အိန္ဒိယနိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကိုယ်စားလှယ် တော်မှ အိန္ဒိယနိုင်ငံ မှ နှစ်စဉ် ရှီအဟ် တစ်သိန်းခွဲ ကျော် အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် သို့ လာရောက် ဇေယာရသ် ပြု ကြကြောင်း ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

SaharNews သတင်းဌာန၏ သတင်း အထောက်အထားများ အရ အိန္ဒိယနိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကိုယ်စားလှယ် တော် အာယာသွလ္လာဟ် မဲဟ်ဒီ မဲဟ်ဒဝီပူးရ် မှ Astan News နှင့် စကားပြောရာတွင် အိန္ဒိယရှီအဟ် မွတ်စလင်မ် လေးသန်း သည်မရှ်ဟဒ် မြို့ သို့သွားရောက်ပြီး အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် သို့  သွားရောက် ရန် ဆန္ဒ ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် မဲဟ်ဒီ မဲဟ်ဒဝီပူးရ် မှ  အိန္ဒိယနိုင်ငံရှိ မွတ်စလင်မ် များ၏ အသိပညာနှင့် ဉာဏ်ပညာကို မြှင့်တင်ရန် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရှိ မြို့အသီးသီးတွင် အေမာမ် ရေဇာ (အ.စ) နှင့် ပတ်သက်သည့် အစည်းအဝေးများ နှစ်စဉ်ကျင်းပသင့်ကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံတွင် အပြစ်မဲ့ပြည်သူများအပေါ် လက်ခံ ယုံကြည်ခြင်း နှင့် အချစ် မေတ္တာများ စွာရှိကြောင်း အိန္ဒိယ ၊ပါကစ္စတန် ရှိ ရှီအဟ်များ သည်နောက်ဆုံး တမန်တော်မြတ် ၊ မိုဟမ္မဒ် (ဆွ) ၏ သွန်သင်ဆုံးမချက်များ ကို အသုံးပြုနိုင်ရန် အတွက် လိုလား တောင်းတ ကြကြောင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်သော ဒေသရှိ ဗလီပေါင်း ၂၀၀၀၀ တွင် ရှီအဟ် မွတ်စလင်မ်များသည် မိမိတို့၏  ၏ တာ၀န်များကို ထမ်းဆောင်လျက် ရှိကြကြောင်း ရှီအဟ် မွတ်စလင်မ် ၏ အခြေအနေသည် ကောင်းမွန်သည့် အခြေအနေ တွင် ရှိကြောင်း အာယာသွလ္လာဟ် မဲဟ်ဒီ မဲဟ်ဒဝီပူးရ် မှ   ဆက်လက်ပြောကြားခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံ  တွင် ရှီအဟ် ဘာသာရေး နှင့် ဘာသာရေးဆိုင်ရာ သွန်သင်ချက်များကို မြှင့်တင်ရန်နှင့် တစ်နိုင်ငံ လုံးတွင် သောကြာနမာဇ် ရှေ့ဆောင်ဆရာ  အပါး ၈၆၀ ရှိပြီး တာဝန်များ ထမ်းဆောင် နေကြကြောင်း အိန္ဒိယနိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကိုယ်စားလှယ် တော် မှ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကိုယ်စားလှယ် တော် မှ ဆက်လက်ပြီး အိန္ဒိယ နိုင်ငံ တွင်  အေမာမ် ဘာရာ ပေါင်း ၄၅၀၀၀ ရှိကြောင်း  ထိုအေမာမ် ဘာရာများ တွင် အာရှူရာ နှင့် ကျဲဟ်လွန်မ် အချိန် အခါ တွင် ကြီးကြီး ကျယ်ကျယ် အခြေအနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဇါကို ပြုလုပ်ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အိန္ဒိယတွင် စွန်နီမွတ်စလင်ဦးရေ မှာ သန်း ၂၀၀ ရှိကြောင်း ၎င်းက ပြောကြားပြီး ဤနိုင်ငံရှိ ရှီအဟ် ၊စွန်နီ မွတ်စလင်မ် များကြားတွင် ချစ်ခြင်းမေတ္တာ နှင့် ညီရင်းအစ်ကို စိတ်ဓာတ်သည် စံနမူနာပြဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အိန္ဒိယ ရှီအဟ် မွတ်စလင်မ်များ အပေါ် အီရန် အစ္စလာမ်မစ်တော်လှန်ရေး ၏ အကျိုးအာနိ သင် သက်ရောက်မှု ရှိကြောင်း အိန္ဒိယနိုင်ငံ မှ ရှီအဟ် များ နှစ်စဉ် တစ်သိန်းခွဲ ကျော် အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် သို့ လာရောက် ဇေယာရသ် ပြု ကြကြောင်း ပြောကြားခဲ့ပါတယ်။

အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ အလံကို အိန္ဒိယနိုင်ငံသို့ ယူဆောင်ခြင်းသည် အိန္ဒိယနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် နာမ်ပိုင်း ဆိုင်ရာ ထုံးတမ်းစဉ်လာတစ်ခုဖြစ်ပြီး လူများသည် တမန်တော်မြတ် (ဆွ) ၏ သားတော်အား လက်ခံ ယုံကြည်ခြင်း ပြီး အချစ် မေတ္တာများထားကြကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကိုယ်စားလှယ် တော် အာယာသွလ္လာဟ် မဲဟ်ဒီ မဲဟ်ဒဝီပူးရ် မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251