အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဇူလိုင် ၂၀၂၄

၁၈:၂၂:၁၇
1474803

အမေရိကန် အရာရှိများ၏ ချီးကျူးမှုကို ခံရပြီးနောက် အစ္စရေး၏ အကြမ်းဖက် တိုက်ခိုက်မှု တိုးလာ

ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလူမျိုး ခုနစ်ဦး ရှဟီးဒ် (ခ) အာဇာနည် ဖြစ် ခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများအရ ဇီယွန်အစိုးရ၏ စစ်လေယာဉ်များက ဂါဇာအလယ်ပိုင်းရှိ အန်နဆီးရာသ် စခန်းတောင်ဘက်ရှိ နေအိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းငါးဦး ရှဟီးဒ် (ခ) အာဇာနည်  ဖြစ်ခဲ့ ရပါတယ်။ ရှဟီးဒ် ဖြစ်သူများ တွင် ကလေး သုံးယောက်လည်း ပါဝင်ပါတယ်။ ဤ ဗုံးကြဲတိုက်ခိုက် မှု ကြောင့် လူတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

ဤ အစီရင်ခံစာအရ ရဖ်ဟ် မြောက် ပိုင်း ဒေသမှာ ဇီယွန်ဝါဒီအစိုးရရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ရပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အောက်တိုဘာ ၇ ရက်မှစတင်၍ ပါလက်စတိုင်း ၄၉ဝဝဝ ကျော် ကွပ်မျက်ခဲ့ခံ ရ ပြီး ၉၀ဝဝဝ ကျော် ဒဏ်ရာရခဲ့ပြီး ပါလက်စတိုင်း ၁၀ဝဝဝ ကျော် ပျောက်ဆုံး သို့မဟုတ် အပျက်အစီးများအောက်တွင် မြှုပ်နှံထားကြောင်း သိရပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် ဂါဇာကမ်းမြောင်ဖြတ်ကျော်မှုများကို ပိတ်ထားပြီး အလ်အက်ဆွာ စစ်ဆင်ရေးအတွက် လက်တုံ့ ပြန်သည့် အနေနှင့် ခုခံရေးတပ်ဦး၏ စစ်ဆင်ရေးများကို ရပ်တန့်ရန် ဧရိယာတစ်ခုလုံးကို ဗုံးကြဲလျက် ရှိပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ ဤရာဇ၀တ်မှုများကြောင့် တဲလ်အဗစ် အာဏာပိုင်များသည် နိုင်ငံတကာ တရားမျှတမှု တရားရုံးတွင် တရားစွဲခံထားရပါတယ်။

.......................................................

END / 251