အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၁ ဇူလိုင် ၂၀၂၄

၀၅:၂၁:၂၆
1475514

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်၏ ပြန်ကြားရေးဌာန မှ သတင်း ထုတ်ပြန်

ဟားမတ်စ် ၏ နိုင်ငံရေး ရုံး အကြီးအကဲ ‌ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် နှင့် ၎င်း ကိုယ်ရံတော် တစ်ဦး တီဟီရန် မြို့တော် တွင် လုပ်ကြံ ခံရ

အီရန်အစ္စလာမ်မစ် တော်လှန်ရေး ၏ အစောင့်တပ် (ခ) IRGC ၏ အထွေထွေပြည်သူ့ဆက်ဆံရေး ဌာန မှ ဟားမတ်စ် ၏ နိုင်ငံရေးရုံးအကြီးအကဲ ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် နှင့် ၎င်း ၏ ကိုယ်ရံတော်တစ်ဦးတို့ အား တီဟီရန်ရှိ ၎င်းတို့၏နေထိုင်ရာတွင် တိုက်ခိုက် ခံရပြီး ရှဟီးဒ် ဖြစ်သွားကြောင်း ကြေညာလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် တော်လှန်ရေး ၏ အစောင့်တပ် (ခ)  IRGC ၏ အထွေထွေ လူထုဆက်ဆံရေး ဌာန မှ ကြေငြာချက်တစ်စောင်တွင် ကြေငြာခဲ့သည်မှာ  နိုင်ငံရေးရုံးအကြီးအကဲ ဒေါက်တာ အီစ္စမာအီ ဟနီယေဟ်  နှင့် ၎င်း ၏ ကိုယ်ရံတော်တစ်ဦးတို့  သည် တီဟီရန် နိုင်ငံ တွင် ၎င်းတို့၏ တည်းခိုသည့်နေရာတွင် တိုက်ခိုက် ခြင်းခံရပြီး ရှဟီးဒ် ဖြစ်သွား ကြကြောင်း ဖြစ်ပါတယ်။

ကြေညာချက်၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

بسم الله الرحمن الرحیم

انا لله و انا الیه راجعون

 

သူရဲကောင်း ပါလက်စတိုင်း လူမျိုးများ၊ အွန်မသ် အစ္စလာမ်မီများ ၊ ကြံ့ကြံ့ခံ တော်လှန်ရေး သမားများ နှင့် လေးစားဂုဏ်ယူထိုက်သည့် အီရန် ပြည်သူလူထု အား  ဝမ်းနည်းကြေကွဲရကြောင်း တင်ပြအပ်ပါသည်။ ယနေ့ နံနက် (ဗုဒ္ဓဟူးနေ့) တွင် အစ္စလာမ့် ကြံ့ကြံခံ တပ် ဖွဲ့ ဟားမတ်စ် ၏ နိုင်ငံရေးရုံးအကြီးအကဲ ဒေါက်တာ အီစ္စမာအီ ဟနီယေဟ်  သည် တီဟီရန်  မြို့ တည်းခိုနေသည့်နေရာ  တိုက်ခိုက်လုပ်ကြံခြင်း ကိုခံခဲ့ရပါသည်။ ဒီဖြစ်ရပ်ကြောင့် ၎င်းနှင့် ၎င်း၏ သက်တော်စောင့် တယောက် ရှဟီးဒ် ဖြစ်သွားခဲ့ရပါသည်။

ဤဖြစ်ရပ်၏ အကြောင်းရင်းနှင့် အခြေအနေ ကို စုံစမ်းစစ်ဆေးနေပြီး ရလဒ်များကို နောက်ပိုင်းတွင် ထုတ်ပြန် ကြေညာ မည်ဖြစ်ပါသည်။

မှတ်သားစရာအချက်မှာ ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် သည်အီရန် သမ္မတ ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တွင် တက်ရောက် ပါဝင်ရန် တီဟီရန် မြို့တော် တွင် ရှိနေကြောင်းနှင့် ၎င်းနေထိုင်ရာနေရာ ကို တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ် ခဲ့ကြောင်း အီရန် ရုပ်သံမှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251