အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၁ ဇူလိုင် ၂၀၂၄

၁၄:၄၃:၂၈
1475673

အီစ္စမာအီ ဟနီယေဟ် ၏ ရှဟာဒသ် ကြောင့် အီရန် နှင့် ပါလက်စတိုင်းကြား ဆက်ဆံရေးသည် ပိုမိုခိုင်မာ မည်ဖြစ်ကြောင်းအီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား

ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်၏ ရှဟာဒသ် ကြောင့် အီရန်နှင့် ပါလက်စတိုင်းတို့ကြား ဆက်ဆံရေးသည် အရင် ထက် ပိုမို၍ ခိုင်မာစေမည် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နာစေရ် ကန်အာနီ ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နာစေရ် ကန်အာနီ မှ ပါလက်စတိုင်း ကြံ့ခိုင်တော်လှန်ရေး အဖွဲ့ ဟားမတ်စ် ၏ နိုင်ငံရေး ဆိုင်ရာ အကြီးအကဲ ဒေါက်တာ အီစ္စမာအီ  ဟနီယေဟ်  သည် တီဟီရန် မြို့တော် တွင် ရှဟီးဒ် ဖြစ်ပြီးနောက် ပါလက်စတိုင်းပြည်သူများ၊ ကြံ့ကြံ့ခံ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပါလက်စတိုင်းလိုလားသော နိုင်ငံများနှင့်လူမျိုးများ ကို ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းများသည် အဆိုပါလုပ်ကြံ ခံရမှု အား အနီးကပ် စုံစမ်းစစ်ဆေးနေကြောင်း ဒေါက်တာ နာစေရ် ကန်အာနီ မှ ပြောကြားခဲ့ပါတယ်။

ဘိုက်သိုလ်မိုကဒက်စ် (ဂျေရုဆလင်) ၏ လွတ်လပ်ရေး နှင့် ပါလက်စတိုင်း လွတ်လပ်ရေးတို့ အတွက် ရှဟီးဒ် အီစ္စမာအီ  ဟနီယေဟ်  သည် ဂျီဟတ်ကို နယ်ချဲ့ ကျူးကျော် ဇီယွန်ဝါဒီ (ခ) အစ္စရေး များကို အချိန် အတော်ကြာအောင် ဂျေဟာဒ် ပြုခဲ့ကြောင်း  ၎င်း၏ သွေးသည် အလဟသ  ဖြစ်မည် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မှ ပြောကြားခဲ့ပါတယ်။

တီဟီရန်တွင် ဟားမတ်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင် ရှဟီးဒ် အီစ္စမာအီ  ဟနီယေဟ်  ကျဆုံးပြီးနောက် အီရန်နှင့် ပါလက်စတိုင်းတို့ကြား ဆက်ဆံရေးသည် ယခင်ထက် ပိုမိုခိုင်မာပြီး တည်ငြိမ်လာမည် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နာစေရ် ကန်အာနီ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251