အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်များ အရ ပါလက်စတိုင်းသတင်းရင်းမြစ်များ အရ မွတ်စလင်မ် တို့၏ ပထမဆုံး ကေဗ်လဟ် (မျက်နှာမူရာ) မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ၏ ရှေ့ဆောင် အေမာမ် ရှိက်ခ် အက်ရမဟ် ဆွဗရီ သည် သောကြာနေ့ သောကြာနမာဇ် ခွသ်ဗဟ် တွင် ဟားမတ်စ် ခေါင်းဆောင် ရှဟီးဒ် ဟာဖစ်ဇ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် ရှဟာဒသ် ခံယူခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထည့် ဟောကြားခဲ့သည့် အတွက် အဖမ်း ခံခဲ့ရပါတယ်။
ဤအစီရင်ခံစာအရ ဟားမတ်စ် ခေါင်းဆောင် ရှဟီးဒ် ဟာဖစ်ဇ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် ရှဟာဒသ် ခံယူခဲ့မှုအပေါ် မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ၏ ရှေ့ဆောင် အေမာမ် မှ ဝမ်းနည်းကြေကွဲကြောင်း ခွသ်ဗဟ် တွင် ထည့် ဟောကြားခြင်း ကို ရာဇ၀တ်မှု ဟုဆို၍ ၎င်း အား ဖမ်းဆီးရန် အတွက် အစွန်းရောက် နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး အစိုးရမှ အမိန့်ထုတ်ခဲ့ပါ တယ်။
ရရှိထားသောသတင်းများအရ မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ၏ ရှေ့ဆောင် အေမာမ် ရှိက်ခ် အက်ရမဟ် ဆွဗရီ ၏ ရှေ့နေ ဟမ်ဇဟ် ကသွီးနဟ် မှ ဇီယွန်ဝါဒီများသည် ရှေ့ဆောင် အေမာမ် ရှိက်ခ် အက်ရမဟ် ဆွဗရီ ၏ အိမ်အား ဝိုင်းရံထားပြီး ၎င်းကို ဖမ်းဆီး၍ ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့ပါတယ်။
မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ၏ ရှေ့ဆောင် အေမာမ် ရှိက်ခ် အက်ရမဟ် ဆွဗရီ သည် သောကြာနေ့ သောကြာနမာဇ် ခွသ်ဗဟ် တွင် ဟားမတ်စ် ခေါင်းဆောင် ရှဟီးဒ် ဟာဖစ်ဇ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် ရှဟာဒသ် ခံယူခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထည့် ဟောကြားခဲ့သည့် အတွက် ဖမ်းဆီးခြင်းသည် အကြမ်းဖက် ဇီယွန်ဝါဒီ အစိုးရသည် ကြောက်ရွံ့ထိတ်လန့်နေသည့် အခြေအနေတွင် ရှိနေကြောင်း သက်သေပြနေသည်။
.......................................................
END / 251