အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တီဟီရန်တွင် ရှဟီးဒ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် ကို လုပ်ကြံ သတ်ဖြတ် တိုက်ခိုက်ပြီးနောက် ဇီယွန်ဝါဒီ အစိုးရအပေါ် အီရန်၏လက်တုံ့ပြန်မှုသည် ကမ္ဘာ့အဆင့်တွင် ကြီးမား သောအကြောင်း အရာဖြစ်လာ ကြောင်း Maher News Agency က Al Jazeera အား ကိုးကားပြောဆိုခဲ့ပါတယ်။
Al Jazeera TV ၏အဆိုအရ ဇီယွန်ဝါဒီအာဏာပိုင်များသည် မည်သည့်ကိစ္စတွင်မဆို အီရန်သည် တဲလ်အဗစ်ကို ကြီးမားသောအတိုင်းအတာဖြင့် တိုက်ခိုက်မည်ဟု အခိုင်အမာယုံကြည်ထားကြပါတယ်။
ဇီယွန်ဝါဒီ သုတေသနစင်တာ ALMA က အဆိုပါ အစီရင်ခံစာတွင် အီရန်သည် အစ္စရေးကို ကြီးမားသော တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်မည်ဟု ပြောကြားထားပါတယ်။ ကြေညာချက်တွင် အစ္စရေးအား တိုက်ခိုက်ရာတွင် အီရန်ဒုံးကျည်များကို အသုံးပြုမည်ဖြစ်ကြောင်း၊ ဟစ်ဇ်ဘွလ္လာဟ် အပါအဝင် ဒေသတွင်း ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေးအဖွဲ့အစည်းများ လည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း စင်တာက ပြောကြားခဲ့ပါတယ်။
အီရန်သည် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနိုင်ပြီး အစ္စရေး၏ နေရာအနှံ့အပြားတွင် ခရုဇ်နှင့် ပဲ့ထိန်း ဒုံးကျည်များကို ပစ်ခတ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ ယခုတစ်ကြိမ် တွင် အီရန်စစ်တပ် နှင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်တို့ သည် ဇီယွန်ဝါဒီအစိုးရကို လက်တုံ့ပြန် သည့် အနေဖြင့် ပါဝင်ဆောင်ရွက်မည်ဖြစ်ပါတယ်။
ဒမတ်စကတ်ရှိ အီရန်သံရုံးကို တိုက်ခိုက်ပြီးနောက် တုံ့ပြန်မှုအနေဖြင့် အီရန်က ဧပြီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် အီရန်တိုက်ခိုက်မှုထက် အဆများစွာ ပိုမိုပြင်းထန်မည်ဟု စုံစမ်းစစ်ဆေးရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်?
အင်န်ရှာအလ္လာဟ် အလ္လာဟ် ၏ ကျေးဇူးတော် ဖြင့် အီရန် အဖြေကောင်းစွာ ပေးနိုင်မည် ဟု မျှော်လင့်ပြီး အလ္လာဟ် ဟို အရှင်မြတ် အပြည့်အဝ ကူညီ စောင့်ရှောက် ပြီး အောင်နိုင်မှု ပေးသနားရန် ဒိုအာ ပြုပေးကြရန် လည်း မဇ်လူးမ် ဘက်က ပါသည့် အစ္စလာမ် ဘာသာဝင်များထံ မေတ္တာရပ်ခံအပ်ပါတယ်။
.......................................................
END / 251