အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၁ ဩဂုတ် ၂၀၂၄

၁၄:၄၃:၃၀
1479791

မဟာ တမန်တော်မြတ်(ဆွ) အမည် ရှိ စတုဒိသာ ဘက်မှ ၏ အရ်ဗအီးန် ခြေလျင် ဇေယာရသ် ပြုသူ ၂၁၀၀၀ ဦး အတွက် ချက်ပြုတ် ဝေငှပြီး

နာဂျဖ်မြို့မှ ကရ်ဗလာသို့သွားရာလမ်းတွင် မဟာ တမန်တော်မြတ်(ဆွ) အမည် ရှိ စတုဒိသာ ဘက်မှ ၏ အရ်ဗအီးန် ခြေလျင် ဇေယာရသ် ပြုသူ များ အတွက် တစ်နေ့လျှင် အယောက် ၃၀၀၀ ကျော် အတွက် ချက်ပြုတ် ဝေငှပေးခဲ့ပြီး ယနေ့ အထိ အယောက် ၂၁၀၀၀ ကျော် ဝေငှပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂီးလာန် ပြည်နယ် ၏ ရောင်ဇာတော်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည်တည်ဆောက်ရေး အကြီးအကဲ မဂျီးဒ် ဒူဟန်ဒူ မှ  အင်္ဂါနေ့  သြဂုတ်လ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ် နာဂျက်ဖ် မှ ကရ်ဗလာသို့ သွားရာလမ်း ရှိ ဂီးလာန် ပြည်နယ်ဆိုင်ရာ   စတုဒိသာများ ကို စိစစ် လေ့လာရင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်မှာ - ရှိ ဂီးလာန် ပြည်နယ်  စတုဒိသာများ သည် အဗါအဗ်ဒိုလ္လာဟ် အလ်ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုသူများ ကို ဧည့်ခံလျက် ရှိ ကြောင်း ဖြစ်ပါတယ်။

၎င်းမှဆက်လက်ပြီး မဟာ တမန်တော်မြတ်(ဆွ) အမည် ရှိ စတုဒိသာ  သည် နာဂျဖ်မြို့မှ ကရ်ဗလာသို့ သွားရာလမ်းတွင်   လမ်းတိုင် အမှတ် ၄၃၃ လမ်း ၏ ဂီးလာန် ပြည်နယ်  စတုဒိသာများ တစ်ခုဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဂီးလာန် ပြည်နယ် ၏ ရောင်ဇာတော်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည်တည်ဆောက်ရေး အကြီးအကဲ မဂျီးဒ် ဒူဟန်ဒူ မှ   အေမာမ် ဟိုစိုင်းန် (အ.စ) ချစ်သည့် အတွက်ကြောင့် ပြင်းထန်သောအပူရှိန် များ ကြား တွင် စတုဒိသာများ မှ ခြေလျင်ဇေယာရသ် ပြုသူများ ကို ဧည့်ခံ လျက် ရှိ ကြောင်း ယနေ့ အထိ အယောက်  ၂၁၀၀၀ ကျော် ဝေငှပေးခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး  ဂီးလာန် ပြည်နယ်ဆိုင်ရာ   စတုဒိသာများ ကို စစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်နေပြီး အဆိုပါစစ်ဆေးမှုများကို အရ်ဗအီးန်  ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ စစ်ဆေးမှုများ သည် ဇေယာရသ် ပြုသူများ အတွက် ကောင်းမွန်သောဝန်ဆောင်မှုများပေးဆောင်မှုနှင့် ကျန်းမာရေး စံနှုန်းများနှင့်အညီဖြစ်ကြောင်း သေချာစေရန်အတွက် အဆိုပါစစ်ဆေးမှုများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားပါတယ်။

အစားအသောက် ဝေငှခြင်း၊ ရေနှင့် ဧည့်ဝတ်ပြုခြင်းစသည့် ဝန်ဆောင်မှုအမျိုးမျိုးကို ပေးဆောင်ခြင်းဖြင့် အရ်ဗအီးန် ဇေယာရသ် ပြုသူများ ၏ နာမ်ပိုင်း ရေးဆိုင်ရာ ပံ့ပိုးကူညီမှုဖြစ်ကြောင်း ဂီးလာန် ပြည်နယ် ၏ ရောင်ဇာတော်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည်တည်ဆောက်ရေး အကြီးအကဲ မဂျီးဒ် ဒူဟန်ဒူ မှ  ထောက်ပြ ပြီး ဤ စတုဒိသာများ ရှိ စေတနာ့ဝန်ထမ်း မြောက်မြားစွာ သည် နာဂျဖ်မြို့မှ ကရ်ဗလာ သို့သွားရာ လမ်းတစ်လျှောက် ရှိ  ခြေလျင် ဇေယာရသ် ပြုသူများ ကို ဧည့်ခံ လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် နာဂျဖ်မြို့မှ ကရ်ဗလာသို့သွားရာလမ်းတွင်  မဟာ တမန်တော်မြတ်(ဆွ) အမည် ရှိ စတုဒိသာ ဘက်မှ ၏ အရ်ဗအီးန် ခြေလျင် ဇေယာရသ် ပြုသူ များ အတွက် တစ်နေ့လျှင် အယောက်  ၃၀၀၀ ကျော်  အတွက် ချက်ပြုတ် ဝေငှပေးခဲ့ပြီး ယနေ့ အထိ အယောက်  ၂၁၀၀၀ ကျော် ဝေငှပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

....................................................

END / 251